The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

သတင်းထုတ်ပြန်ချက်

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ  ၅  ရက်

          မြန်မာတစ်နိုင်ငံလုံးရှိ အိမ်ထောင်စုများ၏ ၅၀ ရာခိုင်နှုန်း ဓာတ်အားစနစ်မှ ဓာတ်အား ရရှိအောင် ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ရည်မှန်းချက်များ သတင်း ထုတ်ပြန်ခြင်း အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား၌ မြန်မာတစ်နိုင်ငံလုံးအနေဖြင့်မြို့ ပေါင်း(၄၈၉)မြို့၊ ကျေးရွာပေါင်း(၆၃၂၇၇)ရွာနှင့် အိမ်ထောင်စု အရေအတွက်ပေါင်း (၁၀,၈၇၇,၈၃၂)စု ရှိသည့်အနက် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး၌ ဓာတ်အားစနစ်မှ အိမ်ထောင်စုအလိုက် ဓာတ်အားရရှိမှု အနေဖြင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အိမ်ထောင်စု စုစုပေါင်း ၅,၄၄၈,၇၀၆ ဓာတ်အားရရှိ ပြီးအခြေအနေ၊ဆက်လက် ဆောင်ရွက်သွားရန် ရေးဆွဲထားသောစီမံချက်များအရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာ ရေးနှစ်တွင် အိမ်ထောင်စုပေါင်း ၅.၉၈ သန်း(၅၅%)၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အိမ်ထောင် စုပေါင်း ၈.၂၆ သန်း(၇၅.၉၅%)၊ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်တွင် အိမ်ထောင်စု ပေါင်း ၁၀.၄၅ သန်း (၉၆.၀၇%) ဓာတ်အားရရှိ နိုင်မည်ဖြစ်ပြီး တစ်နိုင်ငံလုံး အိမ်ထောင်စုပေါင်း ၁၀.၈၈ သန်းအနက် ဓာတ်အားစနစ်ဖြင့် လက်လှမ်းမမီနိုင်သည့် ကျန်အိမ်ထောင်စု ၀.၄၃ သန်း(၃.၉၃%)အား ဓာတ်အား စနစ်ပြင်ပ (အခြားနည်းလမ်းများ)ဖြင့်သာ ဓာတ်အားရရှိရေး ဆောင်ရွက်နိုင်မည့် အခြေအနေနှင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်နေ့နှင့် (၁၃)ရက်နေ့များ၌ မြန်မာတစ်နိုင်ငံလုံး အိမ်ထောင်စု၏ ၅၀ ရာခိုင်နှုန်းဓာတ်အားစနစ်မှ ဓာတ်အားပေးနိုင်ခြင်း အထိမ်းအမှတ် အခမ်းအနားများကို နေပြည်တော်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)တွင်လည်းကောင်း၊ တိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီးတွင်လည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပရန်စီစဉ် ထားပါကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်နှင့် သတင်း ထုတ်ပြန်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သတင်းမီဒီယာသမားများ  တက်ရောက်ခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
05-Dec-2019