၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ( ၂၉ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(စွမ်းအင်) ဒေါက်တာထွန်းနိုင်သည် ဌာန ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် မကွေး တိုင်းဒေသကြီး ရေနံချောင်းမြို့အနီးရှိ အရှေ့တောင်အာရှရေနံနှင့်သဘာဝဓာတ်ငွေ့ off take station နှင့် ထောက်ရှာပင်/ ကမ်းနီရေနံမြေများသို့သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ရှိ ရေနံချောင်း ရေနံမြေသို့ရောက်ရှိရာ ရေနံမြေအထွေထွေမန်နေဂျာမှ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ရှေ့ဆက် လုပ်ဆောင်မည့် လုပ်ငန်းအစီအမံများအား ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ရေနံနှင့်သဘာဝဓာတ်ငွေ့များ တူးဖော်ထုတ်ယူကြရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်စေရေး၊ ဒေသခံပြည်သူများအတွက် လူမှုရေးတာဝန်သိမှု CSR လုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် တန်းတူညီမျှဖြစ်စေရေး၊ သဘာဝအလျောက် ကျဆင်းလာသော ရေနံ အထွက်နှုန်းကို ထိန်းညှိနိုင်ရန် လစဉ်တွင်းပြုပြင်ခြင်း ပေနက်တိုးချဲ့တူးဖော်ခြင်းနှင့် သေနတ်ဖောက် စမ်းသပ်ခြင်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ကြစေလိုပါကြောင်း လမ်းညွှန်မှာကြား ခဲ့ပါသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရေနံချောင်းမြို့အနီးရှိ အရှေ့တောင်အာရှရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ off take station သို့ရောက်ရှိရာ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြပြီး ဒုတိယဝန်ကြီးက နိုင်ငံ၏လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသော ဓာတ်အားပေးစက်ရုံများအတွက် သဘာဝဓာတ်ငွေ့ရရှိမှုသည် အဓိကအရေးကြီးပါကြောင်း၊ သဘာဝဓာတ်ငွေ့များထုတ်ယူဖြန့်ဖြူးနေသော off take point များမှ သဘာဝဓာတ်ငွေ့များကို စဉ်ဆက်မပြတ်ပုံမှန်ပို့လွှတ်ပေးနိုင်ရေး အလေးထားဆောင်ရွက်ရန်လိုအပ် ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပြီး control station တွင်းလှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ရေနံချောင်း off take station သည် ရွှေကမ်းလွန်စီမံကိန်းမှထွက်ရှိသော သဘာဝဓာတ်ငွေ့ များကို အရှေ့တောင်အာရှရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ တစ်ဆင့် ပြည်တွင်းရှိ မကွေး (၆၆) မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် အခြားစက်ရုံများသို့ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ (၁၇) သန်းခန့် ပုံမှန်ပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိပါသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း လက်အောက်ရှိ ထောက်ရှာပင်/ကမ်းနီရေနံမြေသို့ ထွက်ခွာရောက်ရှိရာ ထောက်ရှာပင်ရေနံမြေ အစည်းအဝေးခန်းမ၌ အထွေထွေမန်နေဂျာမှ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်မည့် CSR အစီအစဉ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံ များအား ရှင်းလင်းတင်ပြပြီး တင်ပြမှုများအပေါ် ဒုတိယဝန်ကြီးက ဝန်ထမ်းများအနေဖြင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ကို ယခုထက်ပိုမိုတိုးတက် ထုတ်လုပ်နိုင်ခြင်းဖြင့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်း၏ ဂုဏ်ပုဒ်ကို မြှင့်တင်ပေးရာရောက်ပါကြောင်း၊ မိမိတို့သည် ယခုအချိန်တွင် ရာထူးငယ် နေရာများတွင် တာဝန်ထမ်းဆောင်နေရသော်လည်း နောင်တချိန်တွင် ယခုထက်ပိုသော ရာထူး တာဝန်များ ထမ်းဆောင်ရပါက ဉီးဆောင်နိုင်သူများဖြစ်စေရေး လေ့လာသင်ယူထားကြရန်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့များ တူးဖော်ထုတ်ယူရာတွင် ထိခိုက်မှုမဖြစ်ပေါ်စေရေး ဒေသခံပြည်သူများအတွက် လူမှုရေးတာဝန်သိမှု CSR လုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် တန်းတူညီမျှဖြစ်စေရေး၊ သဘာဝ အလျောက် ကျဆင်းလာသော ရေနံအထွက်နှုန်းကို ထိန်းညှိနိုင်ရန် လစဉ်တွင်းပြုပြင်ခြင်း ပေနက်တိုးချဲ့ တူးဖော်ခြင်းနှင့် သေနတ်ဖောက်စမ်းသပ်ခြင်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ကြစေလို ပါကြောင်းနှင့် အနာဂတ်တွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်း ကြိုတင်တွက်ဆ ထားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ထောက်ရှာပင်ရေနံမြေသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူး-စကုမြို့နယ်အတွင်းတည်ရှိပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့နှင့် အနာဂတ်တွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်း ကြိုတင် တွက်ဆထားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ထောက်ရှာပင်ရေနံမြေသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူး-စကုမြို့နယ်အတွင်းတည်ရှိပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ထွက်ရှိနိုင်သော သဲကြောပေါင်း (၂၀) ခုကို ၁၉၇၈ ခုနှစ်မှစတင်၍ ယခုအချိန်ထိ တူးဖော်ပြီးတွင်းပေါင်း (၈၈၄) တွင်းနှင့် လက်ရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ ထုတ်ယူနေသော တွင်းပေါင်း (၁၂၄) တွင်းမှ တစ်ရက်လျှင် ရေနံစိမ်း (၄၄၀) စည်ခန့်နှင့် သဘာဝဓာတ်ငွေ့ (၀.၀၄၅) ကုဗပေသန်းခန့် ထုတ်ယူရရှိနေပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် စီမံဆောင်ရွက်လျက် ရှိပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကမ်းနီရေနံမြေရှိ တွင်းသစ်တူဖော်မည့် တွင်း အမှတ် (က-၃၁၂) သို့ရောက်ရှိရာ လုပ်ငန်းခွင်ရှင်းလင်းဆောင်တွင် ဘူမိဗေဒအရာရှိကြီးမှ တွင်းသစ် တူးဖော်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုအပေါ် ဒုတိယဝန်ကြီးက တွင်းတူးဖော်နေစဉ် ကြုံတွေ့ရမည့် အခက်အခဲများကို အကောင်းဆုံးကျော်ဖြတ်နိုင်ရေး၊ ဘေးအန္တရာယ် ထိခိုက်မှု မရှိစေရေးကိုလဲ ဂရုတစိုက်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် ရေနံတွင်းသစ်အား ဒုတိယဝန်ကြီးမှ စက်ခလုပ်နှိပ်၍ စတင်တူးဖော်ပေးခဲ့ပြီး တွင်းတူးလုပ်သားများအား အမှတ်တရလက်ဆောင်ပစ္စည်းပေးအပ်ကာ ကမ်းနီဒေသ ရေနံစုပေါင်းလက်ခံသံကန်တန်းအမှတ်(၂) သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းသည် နိုင်ငံတော်အတွက် လိုအပ်သော ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ယခုထက် ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ မင်းဘူးမြို့နယ်၊ ထောက်ရှာပင်/ကမ်းနီရေနံမြေရှိ ကမ်းနီဒေသတွင် တွင်းအမှတ် (က-၃၁၂) ကို National (55/8) တွင်းတူစက်ဖြင့် အနက်ပေ (၃၄၀၀) အထိတွင်းသစ်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်ပါသည်။