နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ( ၈ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် TOKYO Electric Power Services Co., Ltd. မှ Executive Officer ဖြစ်သူ Mr. Yoshio Yoshida ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့၊ ၁၁:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် စီမံကိန်းအတိုင်ပင်ခံအဖြစ် ဆောင်ရွက်နေသည့် TOKYO Electric Power Services Co., Ltd. (TEPSCO) တို့အကြား JICA ၏ ODA ချေးငွေနှင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော ရန်ကုန်မြို့ ဓာတ်အားပေးစက်ရုံများနှင့် ဓာတ်အားခွဲရုံများ အဆင့်မြှင့်တင်ပြုပြင်ဆောင်ရွက်နေမှု အခြေအနေ၊ 500 kV ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းများ၏ စီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုအခြေအနေများ၊ စီမံကိန်းများအတွက် EIA ခွင့်ပြုမိန့်များ ရရှိရေး၊ JICA မှ နည်းပညာပံ့ပိုးမှု အခြေအနေနှင့် ရှေ့ဆက် ဆောင်ရွက်မည့် ဓာတ်အားပေးစက်ရုံစီမံကိန်းနှင့် ဓာတ်အားခွဲရုံများ အဆင့်မြှင့်တင်ပြုပြင်ခြင်း ကိစ္စရပ်များ နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ သက်ဆိုင်ရာ ဌာနအကြီးအကဲများနှင့် TOKYO Electric Power Services Co., Ltd. မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။