ခေါင်းစဉ်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှအင်ဂျင်နီယာများအတွက်ဂျပန်နိုင်ငံတွင်ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲ
၂၀၁၇ခုနှစ်၊ဇန်နဝါရီလနှင့်ဖေဖော်ဝါရီလတို့တွင် ဂျပန်နိုင်ငံ၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ယခုစီမံကိန်းတွင်ပါဝင်ပတ်သက်သောဓါတ်အားပို့လွှတ်ရေးနှင့်ဖြန့်ဖြူးရေးအင်ဂျင်နီယာများ အတွက် အလုပ်ရုံဆွေးနွေးပွဲအမှတ်စဉ်(၁)နှင့်(၂)ကိုကျင်းပခဲ့ပါသည်။
ဂျပန်နိုင်ငံတွင်ကျင်းပသောအလုပ်ရုံဆွေးနွေးပွဲ၏အဓိကရည်ရွယ်ချက်များမှာအောက်ပါ အတိုင်းဖြစ်ပါသည်။
သင်တန်းအစီအစဉ်မှာအောက်ပါအတိုင်းဖြစ်ပါသည်။
ခေါင်းစဉ် |
ယခုစီမံကိန်းတွင်ပါဝင်ပတ်သက်သော ဓါတ်အားပို့လွှတ်ရေးနှင့်ဖြန့်ဖြူးရေး အင်ဂျင်နီယာများအတွက်ဂျပန်တွင် ကျင်းပသောအလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ်(၁) |
ယခုစီမံကိန်းတွင်ပါဝင်ပတ်သက်သော ဓါတ်အားပို့လွှတ်ရေးနှင့်ဖြန့်ဖြူးရေး အင်ဂျင်နီယာများအတွက်ဂျပန်တွင် ကျင်းပသောအလုပ်ရုံဆွေးနွေးပွဲ အမှတ်စဉ်(၂) |
ကာလ |
၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့မှ (၂၇) ရက်နေ့အထိ (နှစ်ပတ်တာကာလ) |
၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက်နေ့မှ ဖေဖော်ဝါရီလ(၁၀) ရက်နေ့အထိ (နှစ်ပတ်တာကာလ) |
တက်ရောက် သူများ |
လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန (DEPP)၊လျှပ်စစ်ဓါတ်အားပို့လွှတ်ရေး နှင့်ကွပ်ကဲရေးဦးစီးဌာန(DPTSC)၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း (ESE)၊ရန်ကုန်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးကော်ပိုရေးရှင်း(YESC)၊ မန္တလေးလျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးကော်ပိုရေးရှင်း(MESC)မှအင်ဂျင်နီ ယာ(၁၄)ယောက် |
DEPP, DPTSC, ESE, YESCနှင့်MESCတို့မှအင်ဂျင်နီယာ (၁၃)ယောက် |
အကြောင်းအရာ |
ကွန်ကရိတိုင်၊ ကေဘယ် စသည်
Customer Center စသည် |
တက်ရောက်သူများသည်အလုပ်ရုံအစည်းအဝေးတက်ရောက်ခြင်းအားဖြင့် ဂျပန်နိုင်ငံ၏ဓါတ်အားခွဲရုံ နှင့်ဓါတ်အားဖြန့်ဖြူးရေးစနစ်နှင့်ပတ်သက်သောဗဟုသုတများရရှိပြီး၊သင်တန်းကျောင်း၏Facilities များနှင့်သင်တန်းစနစ်အကြောင်းကိုလေ့လာခဲ့ကြပါသည်။ ထို့အပြင် Seminar တက်ရောက်ခြင်းနှင့် စက်ရုံများသို့သွားရောက်လည်ပတ်ခြင်းအားဖြင့်ဂျပန်နိုင်ငံ၏ပစ္စည်းထုတ်လုပ်သူများ၏အသုံးဝင်သောနည်းပညာအချက်အလက်များရရှိခဲ့ကြပါသည်။