The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဆိုင်ရာ ဝန်ကြီးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေး ကျင်းပသည့်သတင်း

နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ( ၂၉ )ရက်

 

လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ဝန်ကြီးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့၌ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဥက္ကဋ္ဌများ၊ ဌာနအကြီးအကဲများနှင့် တိုင်းဒေသကြီး / ပြည်နယ် လျှပ်စစ်အင်ဂျင်နီယာများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာ၌ လျှပ်စစ်ဓာတ်အား သုံးစွဲသူများ၏ တင်ပြချက်များအား သုံးသပ်အဖြေရှာရန်လိုကြောင်း၊ ယနေ့အထိ မီတာသုံးစွဲမှုများ အတွက် ကဏ္ဍအလိုက် ခေတ်မီသော မီတာအမျိုးအစားများ ခွဲခြားအသုံးပြုရန် မကြာမီ စတင် အကောင်အထည်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ အဆိုပါမီတာများမှာ ယခင် မီတာဈေးနှုန်းထက် ၃ ပုံ ၂ ပုံ ပိုမိုသက်သာလာမည်ဖြစ်ကြောင်း၊ Stated Own Enterprise မှ စီးပွားရေးစီမံဆောင်ရွက်မှု ပုံစံဖြင့် ဆောင်ရွက်ရန်အတွက် သုံးစွဲသူဈေးကွက်အား စိစစ်သိရှိရန် ကြိုတင် Demand Forecast လုပ်ရန်လိုကြောင်း၊ သက်ဆိုင်ရာဒေသ၊ နေရာအလိုက် စိစစ်သုံးသပ်ရန်၊ ဝန်ဆောင်မှုပေးသောအဖွဲ့အစည်း တစ်ခုအနေဖြင့် ခံယူဆောင်ရွက်ရန်အတွက် Mind Set များပြောင်းလဲရန်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနမှ ဝယ်ယူသည့် လျှပ်စစ်ဓာတ်အားကို သင့်တင့်လျှောက်ပတ်သောဈေးနှုန်းဖြင့် ဖြန့်ဖြူးရန်ဖြစ်ကြောင်း၊ Independent Power Procedure (IPP) နှင့် Power Purchase Agreement (PPA) များဖြင့် ဆောင်ရွက်ရာတွင် စီးပွားရေးအရ တွက်ခြေကိုက်မှုဖြစ်ရန်လိုအပ်ကြောင်း၊ ဦးစားပေးအဆင့်များအား ကာလအပိုင်းအခြားဖြင့် သတ်မှတ်ဆောင်ရွက်ရန်လိုကြောင်း၊ စီမံကိန်းများအား နိုင်ငံတော်ဘဏ္ဍာငွေ ဖြင့်လည်းကောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ဘဏ္ဍာငွေများဖြင့်လည်းကောင်း ဆောင်ရွက် ရာတွင် မဟာဓာတ်အားလိုင်း စီမံကိန်းများအား နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်နယ်/တိုင်းဒေသကြီးများတွင် ဆောင်ရွက်လိုသည့် IPP ကုမ္ပဏီများအနေဖြင့် မကြာမီ တိုးချဲ့ တည်ဆောက်မည့် နိုင်ငံတော်မဟာဓာတ်အားလိုင်းများမှ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမည့် အနေအထားနှင့် အချိန်အတိုင်းအတာများကို သိရှိသုံးသပ်ရန်လိုပြီး နှစ်ရှည်ဓာတ်အားဖြန့်ဖြူးရေး၊ ထုတ်လုပ်ရောင်းချ မည့် IPP စီမံကိန်းများ ဖြစ်နိုင်ချေသုံးသပ်ရန်ဖြစ်ကြောင်း၊ တည်ဆောက်လျက်ရှိသော စီမံကိန်းများနှင့် တိုးချဲ့တည်ဆောက်မည့် စီမံကိန်းများအရ လျှပ်စစ်ဓာတ်အားတိုးချဲ့ဖြန့်ဖြူးမည့်ကာလအား သုံးသပ် ဖော်ပြနိုင်ကြောင်း၊ ယခုကဲ့သို့ အစည်းအဝေးများကို နောင် ၆ လတစ်ကြိမ် ကျင်းပနိုင်ရန် စီစဉ် သွားမည်ဖြစ်ပြီး အားသာချက်၊ အားနည်းချက်များ ပြန်လည်ညှိနှိုင်းသုံးသပ်ဆောင်ရွက် သွားမည်ဖြစ်ပါ ကြောင်း၊ ဝန်ဆောင်မှုကောင်းမွန်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူလူထုအတွက် အရည်အသွေးကောင်းမွန်သည့် လျှပ်စစ်ဓာတ်အားစနစ်အား ဖော်ဆောင်ရန် ဆောင်ရွက်နေကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် တာဝန်ယူမှု၊တာဝန်ခံမှုဖြင့် တန်ဖိုးရှိသော ဝန်ဆောင်မှုများ ဆောင်ရွက်လျက် ရှိကြောင်း၊ ၃ နှစ်အတွင်း လိုအပ်သော ပြုပြင်ပြောင်းလဲမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း၊ အရည်အသွေးပြည့်ဝသော လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ဝိုင်းဝန်းညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ တက်ရောက်လာသော တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ ဝန်ကြီးများမှ မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံ များအား ရှင်းလင်းတင်ပြကြပါသည်။

ထို့နောက် ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးမှ ညှိနှိုင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးပြောကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
29-Jan-2018