နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ( ၃၀ )ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ LNG ဓာတ်အားပေးစက်ရုံများ တည်ဆောက် အကောင် အထည်ဖော်ရန်အတွက် စီမံကိန်းဆောင်ရွက်မည့်ကုမ္ပဏီများသို့ Notice to Proceed ပေးအပ်သည့်အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် Horizon Lake View Hotel နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဒုတိယ ဝန်ကြီးများ၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့မှ ဝန်ကြီးများ၊ ပြည်သူ့ လွှတ်တော်အောက်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးမှု ကော်မတီဥက္ကဋ္ဌ၊ သက်ဆိုင်ရာ သံရုံးအသီးသီးမှ သံအမတ်ကြီးများနှင့် စီးပွားရေးသံမှူးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနအကြီးအကဲများ၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့် ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာ၌ ယနေ့ Notice to Proceed ပေးအပ်သည့် အခမ်းအနားတွင် မိန့်ခွန်းပြောကြားခွင့်ရသည့်အတွက် အထူးပင် ဝမ်းမြောက်မိပါကြောင်း၊ ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်အရ ကန်ပေါက် LNG to Power စီမံကိန်းအတွက် TOTAL & SIEMENS A.G ကုမ္ပဏီအားလည်းကောင်း၊ မီးလောင်ဂျိုင် LNG to Power စီမံကိန်းအတွက် Zhefu & Supreme ကုမ္ပဏီအားလည်း ကောင်း၊ အလုံ LNG to Power စီမံကိန်းအတွက် TTCL Public Company Limited ကုမ္ပဏီအားလည်းကောင်း၊ကျောက်ဖြူ CCGT စီမံကိန်းအတွက် Sinohydro & Supreme ကုမ္ပဏီအားလည်းကောင်း၊ Notice to Proceed အသီးသီးပေးအပ်ရန် လက်မှတ်ရေးထိုးသွားမည်ဖြစ်ပါကြောင်း၊ Notice to Proceed ထုတ်ပေးခြင်းအားဖြင့် စီမံကိန်း အကောင်အထည်ဖော်ရန် ပဏာမလုပ်ငန်းများဖြစ်သည့် လုပ်ငန်းစီမံချက်များ၊ ကြိုတင်လေ့လာမှုများ၊ ဒီဇိုင်းထုတ်ခြင်းများနှင့် အကြိုအင်ဂျင်နီယာလုပ်ငန်း များကို စတင်လုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်းအတွက် ဘဏ္ဍာငွေနှင့် လိုအပ်သည့် စာချုပ်များဖြစ်သည့် ဓာတ်အားရောင်းဝယ်ရေးစာချုပ်နှင့် စီမံကိန်းမြေနေရာငှားရမ်းခြင်း စာချုပ် များ၊ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် အခြားလိုအပ်သည့် လိုင်စင်နှင့် ပါမစ်များ ရရှိရေးအတွက် ထဲထဲဝင်ဝင် ဆွေးနွေးညှိနှိုင်းရန် လိုအပ်ပါကြောင်း၊ LNG to Power လမ်းကြောင်းတို့မှာပါ အင်မတန်အရေးကြီးလှသည့် သမိုင်းမှတ်တိုင်တစ်ခုလည်းဖြစ်ပါကြောင်း၊ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုမှာလည်း လျော့နည်းလာခြင်း၊ ရေအားဖြင့် ဓာတ်အားထုတ်လုပ်မည့် စီမံကိန်းများမှာလည်း အချိန်ယူ၍ တည်ဆောက်ရခြင်းတို့ကြောင့် ကာလလတ်တစ်ခုအတော အတွင်း လျှပ်စစ်ဓာတ်အားလျော့နည်းမှုအား ဖြည့်ဆည်းပေးနိုင်ရန် အတွက် မိမိတို့အနေဖြင့် LNG အား နိုင်ငံခြားမှ တင်သွင်း၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် ဆောင်ရွက်သွားမည်ဖြစ ်ပါကြောင်း၊ မိမိတို့ အနေဖြင့် LNG တင်သွင်းခြင်းသာမက နိုင်ငံအတွင်းရှိ ကုန်းတွင်း/ ကမ်းလွန် သဘာဝဓာတ်ငွေ့ များအား LNG သို့ ပြောင်းလဲပေးသွားနိုင်မည့် စီမံကိန်းများကို လည်း ဖော်ထုတ်သွားမည်ဖြစ်ကြောင်း၊ ကန်ပေါက် LNG သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်း၏ ပထမအဆင့်သည် (၃၆) လအတွင်း ပြီးစီးမည်ဖြစ်ပါကြောင်း၊ (၄၈) လတာကာလ အတွင်း ဒုတိယအဆင့် ပြီးဆုံးပါက လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုသည် (၁၂၃၀)မဂ္ဂါဝပ်အထိ ရောက်ရှိမည်ဖြစ်ပါကြောင်း၊ မီးလောင်ဂျိုင် LNG သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း၏ ပထမအဆင့်အား (၃၆) လနှင့် ဒုတိယအဆင့်ကို (၄၂) လအတွင်း ပြီးစီးပါက စုစုပေါင်းမဂ္ဂါဝပ် (၁၃၉၀) ခန့် ထုတ်လုပ်သွားမည်ဖြစ်ပါကြောင်း၊ အလုံ LNG သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်း (၃၅၆) မဂ္ဂါဝပ်ကို (၂၈) လအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ Floating Storage Regasification Unit(FSRU)၊ ဓာတ်ငွေ့ ပိုက်လိုင်း၊ ဓာတ်အားပေးစက်ရုံနှင့် ဓာတ်အားပို့လွှတ်ရေးလိုင်းများအားလုံးကို တစ်ပေါင်းတည်း အဖြစ် စီမံကိန်းတစ်ခုစီအလိုက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောက်ဖြူ Combined Cycle Power Project (CCPT) မှ (၁၃၅) မဂ္ဂါဝပ်ကို (၂၈) လအတွင်း ပြီးစီးအောင် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်းများအားလုံးကို (၄၈) လအတွင်း အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးပါက ဓာတ်အားစနစ်အတွင်းသို့ မဂ္ဂါဝပ် (၃၁၁၁) ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ကြောင်း၊ Integrated Project တွင်ပါဝင်သည့် ဗို့အားမြင့် ဓာတ်အားလိုင်း တည်ဆောက် ပြီးစီးရေးအပိုင်းတွင် ကြုံတွေ့ရလာနိုင်တဲ့ Right of Way အတွက် Land Acquisition နဲ့ Compensation ကိစ္စတွေကို မိမိတို့ ဝန်ကြီးဌာန အနေဖြင့်လည်း အပြည့်အဝပူးပေါင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း၊ ၎င်းအပြင် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများ၊ ဒေသခံအာဏာ ပိုင်အဖွဲ့များ၊ ပြည်သူများနှင့် လိုက်လံညှိနှိုင်းရခြင်းများကို လည်း ကုမ္ပဏီများနှင့်အတူ လက်တွဲဖြေရှင်းပေးသွားမည်ဖြစ်ပါကြောင်း၊ ထို့အတွက်ကြောင့် စီမံကိန်းများ အကောင်အထည် ဖော်ပြီးစီးပါက အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံချက် (National Electricity Master Plan) ပါ Demand Forecast နှင့် Generation Plan များ နှင့်ပါ ကိုက်ညီအောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ ၎င်း LNG to Power စီမံကိန်း (၃) ခုမှ လျှပ်စစ်ဓာတ်အား (၃၀၀၀) မဂ္ဂါဝပ်ခန့် ထွက်ရှိလာမည်ဖြစ်ပါကြောင်း၊ ယခုလို Mass Production ဖြစ်သည့် Utility Scale နှင့် LNG တင်သွင်းခြင်းမျိုး စီမံကိန်းများသည် မြန်မာပြည် တွင် ယခင်ကမရှိခဲ့ပါကြောင်း၊ ပြည်တွင်းကထွက်သည့် Natural Gas ကိုသာအသုံးပြုခဲ့ခြင်း မျိုးသာ ရှိခဲ့ပါကြောင်း၊ တစ်နိုင်ငံလုံးအတွက် လျှပ်စစ်ဓာတ်အားထုတ်လုပ ်ဖြန့်ဖြူးရာတွင် Reliable Power ဖြစ်ရန်အတွက် အရင်းအမြစ်မျိုးစုံပါဝင်သည့် Proper Generation Mix ဖြစ်ရန် အဓိက ကျပါကြောင်း၊ မြန်မာနိုင်ငံ၏ Generation Mix သည် Hydro နှင့် ပြည်တွင်းထုတ် သဘာဝ ဓာတ်ငွေ့ (Natural Gas) (၂) မျိုးတည်းရှိရာမှ LNG ကိုသင့်တော်သည့် အချိုးအစားနှင့် ပါဝင် ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ စီမံကိန်းနှင့်စပ်လျဉ်းသည့် လူမှုပတ်ဝန်းကျင် ထိခိုက်မှုများကို အနည်းဆုံးဖြစ်စေရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများကို လိုက်နာဆောင်ရွက်သွားစေလိုပါကြောင်း၊ ဒေသနေပြည်သူတို့၏ ယဉ်ကျေးမှု နှင့် ဓလေ့စရိုက်များကိုလည်း အလေးထားဆောင်ရွက်သွားစေလိုကြောင်း ကုမ္ပဏီများကို ပြောကြား ခဲ့ပါသည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာသူများအား ဝန်ကြီးဌာနမှ အကောင်အထည်ဖော် မည့် LNG To Power Project မိတ်ဆက်ဗွီဒီယိုအား ပြသခဲ့ပြီး၊ လုပ်ငန်းရှေ့ဆက်လက် ဆောင်ရွက်ရန် အတွက် Notice To Proceed စာချုပ်လက်မှတ်ရေးထိုးခဲ့ရာ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးနှင့် ကန်ပေါက်ဒေသတွင် ဆောင်ရွက်မည့် သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းအား Total Gas & Power Business Services S.A.S နှင့် SIEMENS A.G တို့မှ တာဝန်ရှိသူများနှင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ မီးလောင်ဂျိုင် ဒေသတွင် ဆောင်ရွက်မည့် သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းအား Zhefu Holding Group Co.,Ltd နှင့် Supreme Trading Co.,Ltd တို့မှ တာဝန်ရှိသူများ နှင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တွင် ဆောင်ရွက်မည့် သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းအား TTCL Public Company Limited မှ တာဝန်ရှိသူ နှင့်လည်းကောင်း၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူဒေသတွင် ဆောင်ရွက်မည့် သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းအား Sinohydro Corporation Limited နှင့် Supreme Trading Co.,Ltd တို့မှ တာဝန်ရှိသူများနှင့်လည်းကောင်း လက်မှတ်ရေးထိုး၍ စာချုပ်များ အပြန်အလှယ် လဲလှယ်ခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။