နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်နှင့်တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်းက ချောက်ရေနံမြေသို့ ရောက်ရှိပြီး အစည်းအဝေးခန်းမတွင် တာဝန်ရှိသူများမှ ချောက်ရေနံမြေ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးမှ ဖြည့်စွက်ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စု ဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ပါသည်။
၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချောက်ရေနံမြေတွင်း၊ ရေနံတိုးတက်ထုတ်လုပ် နိုင်သော တွင်းသစ်အမှတ်(၁၂၀၃)သို့ ရောက်ရှိစစ်ဆေးခဲ့ရာ ရှင်းလင်းဆောင်၌ တာဝန်ရှိသူများမှ ရှင်းလင်း ရာတွင် အဆိုပါ တွင်းအမှတ် (၁၂၀၃) ကို ZJ 450 တွင်းတူးစက်ဖြင့် တူးဖော်ခဲ့ရာ ၁၁-၉-၂၀၁၇ ရက်နေ့တွင် လျာထားအနက် ၃၄၈၅ ပေ အထိ ရောက်ရှိတူးဖော်ခဲ့ပါသည်။ ၄င်းတွင်း၏ ရေနံ ခိုအောင်းနေသော သဲကြောများကို သေနတ်ဖောက်စမ်းသပ်ခဲ့ရာ ကနဦးရေနံထုတ်လုပ်မှု ရေနံ ၆၀ စည်အထိရရှိခဲ့ပြီး ယခုအခါ တစ်နေ့လျှင် ရေနံ ၄၇ စည် ထုတ်လုပ်ပေးလျက်ရှိမှုကို တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးမှ သိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ပြီး၊ တွင်းအမှတ် (၁၂၀၃) မှ ရေနံစိမ်း ထုတ်လုပ်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကာ ဝန်ထမ်းများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချောက်ရေနံမြေ၊ စက်မှုအလုပ်ရုံ သင်တန်း ကျောင်း (ယခင်ဦးပုကျောင်း) သို့ရောက်ရှိပြီး၊ ဘူမိဓာတုဗေဒ ဓာတ်ခွဲခန်းလုပ်ငန်းနှင့် လေ့ကျင့် သင်ကြားရေး ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ သင်တန်းခန်းမအတွင်း ဘူမိရူပဗေဒ နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သင်ကြားပို့ချနေသော သင်တန်းအခြေအနေ တို့ကို ကြည့်ရှုစစ်ဆေး၍ သင်တန်းသူ/သင်တန်းသားများအား လမ်းညွန်မှာကြားခဲ့ပါသည်။ ထို့ပြင် ရှင်းလင်းခန်းမတွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွန်ကြားရေးမှူးမှ စက်မှု သင်တန်းကျောင်း(ယခင်ဦးပုကျောင်း) ၏သမိုင်းကြောင်းနှင့် သင်းတန်းကျောင်း ပြန်လည်မွမ်းမံ ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေ၊ သင်တန်းများ ဖွင့်လှစ်သင်ကြားရန် လျာထားဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သင်တန်းဆောင်၊ ချောက်ရေနံမြေ စက်မှုအလုပ်ရုံ၊ သင်တန်းခန်းမ(၂)နှင့် သင်တန်းသားအိပ်ဆောင် ဖွင့်လှစ်ရန် လျာထားဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။
၎င်းနောက် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ အမှတ် (၂) ရေနံချက်စက်ရုံ (ချောက်) သို့ ရောက်ရှိပြီး စက်ရုံမှူးမှ စက်ရုံ၏လုပ်ငန်းဆောင်ရွက်မှု အခြေအနေနှင့် စက်ရုံသမိုင်းကြောင်းအား ရှင်းလင်းတင်ပြရာ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးက ဖြည့်စွက် ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး၍ လိုအပ်သည် များ မှာကြားခဲ့ပြီး စက်ရုံအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချောက်ရေနံမြေဆေးရုံသို့ ရောက်ရှိရာ တာဝန်ရှိသူများမှ ဆေးရုံ၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြ ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆေးရုံအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက် များအား တာဝန်ရှိသူများမှ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ချောက်ရေနံမြေ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့အရောင်းဆိုင်သို့ရောက်ရှိပြီး တာဝန်ရှိသူများမှ ချောက်မော်တော်ယာဉ်သုံး သဘာဝ ဓာတ်ငွေ့ (CNG) အရောင်းဆိုင်မှ ဖိအား (၁၈၀၀) PSI ခန့် ထည့်သွင်းအသုံးပြုနိုင်သော မူလ Compressor စက် (၂) လုံးဖြင့် ရောင်းချလျက်ရှိရာမှ ယခုအခါ ဖိအား(၂၈၀၀) PSI ထည့်သွင်း အသုံးပြုနိုင်သော စက်အသစ် (၂) လုံးဖြင့် ဌာနဆိုင်ရာ (CNG) သုံး မော်တော်ယာဉ် (၇၉) စီး၊ ပုဂ္ဂလိကယာဉ်လိုင်းများမှ (CNG) သုံး မော်တော်ယာဉ် (၂၆၀) စီးနှင့် ရန်ကုန်၊ မန္တလေး၊ ကျောက်ဆည်၊ ရေနံချောင်းတို့မှ ခရီးသွား (CNG) သုံး မော်တော်ယာဉ်များအား မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ ရောင်းချပေးလျက်ရှိပြီး တစ်နေ့ ပျမ်းမျှ ကုဗပေသန်းပေါင်း (၀.၁) သန်းခန့် ရောင်းချပေးမှုအခြေအနေနှင့် မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးရောင်းချပေးနေမှု အခြေ အနေအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ပြီး၊ အရောင်းဆိုင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာန၊ ချောက်ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိပြီး အစည်းအဝေးခန်းမတွင် ဓာတ်အားခွဲရုံမှူးမှ ဓာတ်အားလက်ခံ၊ ပို့လွှတ်၊ ဖြန့်ဖြူးပေးနေမှု အခြေအနေများအားလည်းကောင်း၊ မဟာဓာတ်အား လိုင်းမှူး(ချောက်)မှ ဓာတ်အားလိုင်းများထိန်းသိမ်း ဆောင်ရွက်နေမှုအခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြရာ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယဝန်ကြီးတို့မှ ဖြည့်စွက်ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက် များအား လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စလေဓာတ်မြေသြဇာစက်ရုံသို့ ရောက်ရှိပြီး စက်ရုံအစည်းအဝေးခန်းမတွင် စလေဓာတ်မြေသြဇာစက်ရုံနှင့် ကျွန်းချောင်း ဓာတ်မြေသြဇာစက်ရုံ များမှ စက်ရုံမှူးများနှင့် စက်ရုံများမှ တာဝန်ရှိသူများအားတွေ့ဆုံ၍ စက်ရုံများ၏ လက်ရှိအခြေအနေ၊ ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်စသည်တို့နှင့်ပတ်သက်၍ မှာကြားခဲ့ပြီး၊ စလေဓာတ်မြေသြဇာ စက်ရုံအတွင်း လှည့်လည် ကြည့်ရှု့ စစ်ဆေးခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့၊ မွန်းလွဲပိုင်းတွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် Eni Myanmar ကုမ္ပဏီ၏ ကုန်းတွင်းလုပ်ကွက်အမှတ် RSF-5 ရှိ Seismic တိုင်းတာရေးအခြေစိုက်စခန်းသို့ ရောက်ရှိပြီး Eni Myanmar ကုမ္ပဏီမှ တာဝန်ရှိသူများမှ အခြေစိုက်စခန်းအတွင်း ဘေးအန္တရာယ် ကင်းရှင်းရေး Safety Induction ကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် အခြေစိုက်စခန်း အတွင်းရှိ Seismic တိုင်းတာရေး လုပ်ငန်းသုံးပစ္စည်းများအား လေ့လာကြည့်ရှုခဲ့ကြပြီး စီမံကိန်း ရှင်းလင်းဆောင်တွင် Eni Myanmar ကုမ္ပဏီမှ Managing Director ဖြစ်သူ Mr. Stefano Carbonara မှ ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့မှ သိရှိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ပါသည်။