The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ၅၀၀ ကေဗွီ ဘုရားကြီး ဓာတ်အားခွဲရုံ တည်ဆောက်မည့် မြေနေရာ၊ ဇောင်းတူရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် ကမာနတ်ဓာတ်အားခွဲရုံများအား ကြည့်ရှုစစ်ဆေးသည့်သတင်း

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ၅၀၀ ကေဗွီ ဘုရားကြီး

ဓာတ်အားခွဲရုံ တည်ဆောက်မည့် မြေနေရာ၊ ဇောင်းတူရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့်

ကမာနတ်ဓာတ်အားခွဲရုံများအား ကြည့်ရှုစစ်ဆေးသည့်သတင်း

နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ မတ်လ (   ၁၀    ) ရက်

 

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် နှင့် တာဝန်ရှိသူများလိုက်ပါလျက်  ၂၀၁၈ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန် - မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် - ၄၀ အနီးရှိ ၅၀၀ ကေဗွီ ဘုရားကြီးဓာတ်အားခွဲရုံ တည်ဆောက်မည့်မြေနေရာသို့ ရောက်ရှိရာ တာဝန်ရှိသူများမှ ဓာတ်အားခွဲရုံမြေနေရာရရှိရေး ဆောင်ရွက်ထားမှုအခြေအနေနှင့် ဓာတ်အားခွဲရုံတည်ဆောက်မည့်အခြေအနေတို့အား ရှင်းလင်း တင်ပြမှုအပေါ် ဒုတိယဝန်ကြီးမှ ဖြည့်စွက်တင်ပြပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်ချက်များ လမ်းညွှန်မှာကြားခဲ့ပါသည်။

          ထို့နောက် ဇောင်းတူရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိရာ စက်ရုံ ဧည့်ရိပ်သာ၌ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးမှ ဇောင်းတူရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံဆိုင်ရာ အချက် အလက်များ၊ နှစ်အလိုက် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမှုအခြေအနေ၊ နှစ်အလိုက် ရေလှောင်တမံ အတွင်း ရေဝင်ရောက်မှုနှင့် ရေသိုလှောင်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ဓာတ်အားပေးစက်ရုံမှူးမှ ဓာတ်အားပေး စက်များ မောင်းနှင်ထားမှုအခြေအနေ၊ စက်ရုံမှ ဓာတ်အားပို့လွှတ်ထားသော ဓာတ်အားလိုင်းများ အခြေအနေ၊ ရေလှောင်တမံ၏ နှစ်အလိုက် ရေဝင်ရောက်မှု အခြေအနေ၊ ဓာတ်အားပေးစက်များ ပုံမှန်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ၊ ဓာတ်အားပေးစက်များ ပြုပြင်ခဲ့မှု အခြေအနေနှင့် စက်ရုံအနီးပတ်ဝန်းကျင်ကျေးရွာများအား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးထားမှု အခြေအနေတို့အားလည်းကောင်း ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ ဖြည့်စွက် ရှင်းလင်းတင်ပြပါသည်။ တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များအား မှာကြားပြီး လျှပ်စစ်မီးမရရှိသေးသော စက်ရုံအနီးပတ်ဝန်းကျင်ရှိ ကျေးရွာများအား လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးရန် မှာကြားခဲ့ပါသည်။

          ၎င်းနောက် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် မှ ဆည်တမံများ တည်ဆောက်မှုအခြေအနေ၊ ဆည်တမံများ ပြုပြင်ထိန်းသိမ်းမှုအခြေအနေနှင့် ဆည်တမံများ၏ ရေဝင်ရောက်မှုအခြေအနေတို့အားလည်းကောင်း၊ ဆည်တမံများ ထိန်းသိမ်း ရေးဌာန၊ ညွှန်ကြားရေးမှူးမှ ဇောင်းတူဆည်တည်ဆောက်ထားမှုအခြေအနေ၊ ရေပိုလွှဲ၏ ရေထုစီးနှုန်းအခြေအနေ၊ ရေယူအဆောက်အအုံ ရေသိုလှောင်မှုအခြေအနေ၊ လအလိုက်၊ နှစ်အလိုက် မိုးရွာသွန်းမှုအခြေအနေ၊ ရေစီးဝင်မှုအခြေအနေနှင့် ဆည်ပြုပြင်ထိန်းသိမ်းမှု အခြေအနေတို့အား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ ဖြည့်စွက် ရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များ မှာကြားခဲ့ပြီး စက်ရုံမှူးနှင့် ဝန်ထမ်းများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂျင်နရေတာများ ထားရှိသည့် အခန်း နှင့် ဓာတ်အားထိန်းချုပ်ခန်းအတွင်း နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်မောင်းနှင်နေမှု အခြေအနေ များအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ မှာကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပင်မတမံပေါ်သို့ရောက်ရှိပြီး တမံအတွင်း ရေဝင်ရောက်မှုအခြေအနေ၊ ရေသိုလှောင်ထားရှိမှုအခြေအနေနှင့် ရေယူအဆောက်အအုံ၊ ရေပိုလွှဲ တို့ကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စု ဝန်ကြီးမှ လုပ်ငန်း လိုအပ်ချက်များအား မှာကြားခဲ့ပါသည်။

           ဇောင်းတူရေအားလျှပ်စစ်စီမံကိန်းကို ပဲခူးမြစ် မြစ်ရေကြီးခြင်းမှကာကွယ်ရန် စိုက်ပျိုးရေး အတွက် လယ်ယာမြေများကို ရေပေးဝေရန်၊ ရေကြောင်းသွားလာမှု ပိုမိုကောင်းမွန်စေရန်နှင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရန်ဟူသော ရည်ရွယ်ချက်များဖြင့် ၁၉၉၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပါသည်။ စက်တပ်ဆင် အင်အားမှာ စက် () လုံးလျှင် ၁၀ မဂ္ဂါဝပ်ရှိ ဓာတ်အားပေးစက် () လုံးဖြင့် စုစုပေါင်း စက် တပ်ဆင်အင်အား ၂၀ မဂ္ဂါဝပ်ဖြင့် တစ်နှစ်လျှင် ပျမ်းမျှ ကီလိုဝပ်နာရီသန်းပေါင်း ၇၆ သန်း ထုတ်လုပ်ပေးရန် လျာထားတည်ဆောက်ခဲ့သော စက်ရုံတစ်ရုံဖြစ်ပါသည်။

          အဆိုပါစက်ရုံမှ ထုတ်လွှတ်သောဓာတ်အားများကို ၆၆ ကေဗွီဓာတ်အားလိုင်းဖြင့် ၄၅. မိုင်ခန့်ကွာဝေးသော ကမာနတ်ခွဲရုံမှတစ်ဆင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ် ပေးလျက်ရှိပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေး ဦးစီးဌာန၊ ကမာနတ်ပင်မဓာတ်အားခွဲရုံသို့ရောက်ရှိရာ အစည်းအဝေးခန်းမတွင် ဓာတ်အား ခွဲရုံမှူးမှ ဓာတ်အားများ လက်ခံ၊ ပို့လွှတ်၊ ဖြန့်ဖြူးပေးနေမှုအခြေအနေများကိုလည်းကောင်း၊ မဟာဓာတ်အား လိုင်းမှူး(ကမာနတ်)မှ ဓာတ်အားလိုင်းများ ထိန်းသိမ်းဆောင်ရွက်ထားမှုအခြေအနေ များကို လည်းကောင်း ရှင်းလင်းတင်ပြကြပါသည်။ ရှင်းလင်းတင်ပြမှုများအပေါ် လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေး နှင့်ကွပ်ကဲရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးချုပ်တို့မှ ဖြည့်စွက် ရှင်းလင်း တင်ပြကြပြီး ဒုတိယဝန်ကြီးမှ လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စု ဝန်ကြီးမှ လိုအပ်သည်များအား လမ်းညွှန်မှာကြားပြီး ကမာနတ်ပင်မဓာတ်အားခွဲရုံ နှင့် မဟာ ဓာတ်အားလိုင်းမှူးရုံး(ကမာနတ်)တို့ရှိ ဝန်ထမ်းများအား အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။ ၎င်းနောက် ဓာတ်အားထိန်းချုပ်ခန်းအတွင်း ဓာတ်အားများ လက်ခံ၊ ပို့လွှတ်၊ ဖြန့်ဖြူးပေးနေမှုအခြေအနေများနှင့် Switch Yard အတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေ များအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
10-Mar-2018