The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် (၁၅-၄-၂၀၁၈) ရက်နေမှ (၂၀-၄-၂၀၁၈) ရက်နေ့အထိ ကျင်းပပြုလုပ်မည့် BERLIN ENERGY TRANSITION DIALOUGE 2018 ဖိုရမ်သို့ တက်ရောက်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဂျာမနီနိုင်ငံသို့ ထွက်ခွာသွားသည့် သတင်း

နေပြည်တော်၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ ( ၁၅ ) ရက်

          ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ၂၀၁၈ ခုနှစ် ဧပြီလ (၁၅) ရက်နေ့မှ (၂၀)ရက်နေ့အထိ  ကျင်းပပြုလုပ်မည့် BERLIN ENERGY TRANSITION DIALOUGE 2018 ဖိုရမ်သို့ တက်ရောက်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်၍  လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦး၊ လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဟိန်းထက် တို့ အဖွဲ့ဝင်များအဖြစ် လိုက်ပါသော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဧပြီလ(၁၅)ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ဂျာမနီနိုင်ငံသို့ ထွက်ခွာ သွားရာ ဌာနဆိုင်ရာတာဝန်ရှိသူများမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြပါသည်။

အဆိုပါဖိုရမ်သို့ တက်ရောက်စဉ် ပြည်ထောင်စုဝန်ကြီးသည် “ Contribution of Renewable to Energy Security” ကဏ္ဍတွင် Renewable Energy သည် Energy Security အတွက် ပိုမိုအားထားနိုင်မည့် အခြေအနေ၊ Renewable Energy သည် Energy တင်သွင်းမှုကြောင့် ပေါ်ပေါက်လာသည့် စွန့်စားရမှုများအား  လျော့ပါးစေမည့် အခြေအနေ၊ Renewable Energy မှ ပိုမိုလုံခြုံမှုရှိသော Energy Infrastructure များအား ပံ့ပိုးပေးနိုင်မှု အခြေအနေ၊ Renewable Energy မှ ဈေးကွက်၏ စွန့်စား ရမှုများအား တားဆီးပေးနိုင်မှု အခြေအနေ၊ Renewable Energy မှ Global Energy Supply chains ​ကြောင့် ဖြစ်ပေါ်လာမည့် စွန့်စားမှုများအတွက် ပိုမိုယုံကြည် စိတ်ချ ရမှုနှင့် ပံ့ပိုးပေးနိုင်မှု အခြေအနေတို့နှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ပြီး ၄င်းဖိုရမ်သို့ ကမ္ဘာ့နိုင်ငံ ပေါင်း(၉၀) ကျော်မှ နိုင်ငံကိုယ်စားလှယ်များ၊ ပညာရှင်များတက်ရောက် ဆွေးနွေး သွားမည် ဖြစ်ပါသည်။

Post under by : ဝန်ကြီးရုံး
15-Apr-2018