The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာလုပ်ငန်းများကြည့်ရှုစစ်ဆေးသည့်သတင်း

             

             လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဒုတိယ ဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက်   ၂၀၁၈ ခုနှစ် ၊ မေလ ၂၀  ရက်နေ့၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အသုံးချသုတေသနဌာနခွဲနှင့်  ရေအားလျှပ်စစ်အကောင် အထည်ဖော်ရေးဦးစီးဌာန၊ လှော်ကား၊ စက်မှုယန္တရားဌာနခွဲတို့အား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

              ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်ရှိ မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း အသုံးချသုတေသနဌာနခွဲသို့ရောက်ရှိရာ အစည်းအဝေးခန်းမ တွင် တာဝန်ရှိသူများမှ သုတေသနဌာနခွဲများအလိုက် ဆောင်ရွက်ရသည့် လုပ်ငန်း အခြေ အနေ၊ ဓာတ်ခွဲခန်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ထုတ်လုပ်ခြင်းနှင့် သုတေသနလုပ်ငန်းများတွင် အသုံးပြုသည့်ပစ္စည်းများ သိမ်းဆည်း ထားမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်း တင်ပြရာ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးမှ ဖြည့်စွက် ရှင်းလင်းတင်ပြပြီးပြည်ထောင်စုဝန်ကြီးမှရေနံများရှာဖွေသုတေသနပြုရာတွင်တစ်ဦးချင်း တယောက်ချင်း၏လေ့လာတွေ့ရှိမှုများစုစည်း၍ Data-Base တခုတည်ဆောက်ရန်နှင့် Data Share System တစ်ခုရှိရန်လိုအပ်ကြောင်း၊(၃)နှစ်အတွင်း (၁) ရက်လျှင် ရေနံစည် (၁၀၀၀၀)တိုးတက်ထုတ်လုပ်နိုင်ရေးရည်မှန်းချက်ထားဆောင်ရွက်လျှက်ရှိသဖြင့်ရည်မှန်းချက်ပြည့်မှီနိုင်ရေး တစ်ဦးချင်းသတ်မှတ်ထားသည့် ရာထူးအလိုက်တာဝန်သိသိသစ္စာရှိရှိ ဖြင့်စေတနာထားပြီးအားလုံးညီညီညွတ်ညွတ်ဖြင့်ပူးပေါင်းဆောင်ရွက်သွားကြရန် ဖြစ် ကြောင်း ရေနံစူးစမ်းရှာဖွေရာတွင်ကောင်းမွန်သည့်ရလာဒ်များထွက်ရှိရန် ခေတ်နှင့်အညီ စဉ်းစား၍ ကြိုးစားဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ဓာတ်ခွဲသုတေသန ပြုမှုနှင့်ပတ်သက်၍ မျိုးဆက်သစ်ဝန်ထမ်းများအားသင်တန်းများပို့ချပေးရန်နှင့်နည်းပညာများအားလက်ဆင့်ကမ်းမျှဝေပေးရန်လိုအပ်ကြောင်းမှာကြား၍ သုတေသနဌာနခွဲအတွင်း ဓာတ်ခွဲခန်းများ အလိုက်ဓာတ်ခွဲစမ်းသပ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့် Core Sample များထားရှိသည့်ဂိုဒေါင်အတွင်း Core Sample များအား  ကြည့်ရှုစစ်ဆေးရာ တာဝန် ရှိသူများမှရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များ မေးမြန်း ဆွေးနွေး၍လုပ်ငန်းလိုအပ်ချက်များမှာကြားခဲ့ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်ရှိ ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၊ လှော်ကား၊ စက်မှုယန္တရားဌာနခွဲသို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် ညွှန်ကြားရေးမှူး ဦးသိန်းဝင်း မှ တည်ဆောက်ရေးဌာန အသီးသီးအတွက် လိုအပ်သော စက်ယန္တရား/ယာဉ်များ စီမံဆောင်ရွက်ပေးမှုအခြေအနေ၊ စက်ယန္တရား/ ယာဉ်များအကြီးစားပြုပြင်ဆောင်ရွက်မှုအခြေအနေ၊ လုပ်ငန်းခွင် ကျွမ်းကျင်မှုရှိစေရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် သင်တန်းများပို့ချမှု အခြေအနေ၊ဌာနပိုင် စက်ယန္တရား/ယာဉ်များဖြင့် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက် ခဲ့သည့်အခြေအနေနှင့်မြေပိုင်ဆိုင်မှုရရှိရေး ဆောင်ရွက် ထားမှုအခြေအနေတို့အား ရှင်းလင်းတင်ပြရာ ရေအားလျှပ်စစ် အကောင်အထည်ဖော် ရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးစန်းဝေ နှင့် ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင် တို့မှ ဖြည့်စွက်ရှင်းလင်း တင်ပြပြီး ပြည်ထောင်စုဝန်ကြီးမှ လုပ်ငန်းလိုအပ်ချက် များမှာကြား၍ လှော်ကားစက်မှုယန္တရားဌာနခွဲအတွင်းရှိ တည်ဆောက်ရေးလုပ်ငန်းခွင်သုံး စက်ယန္တရား/ယာဉ်များနှင့် သူဌေးရေအားလျှပ်စစ် စီမံကိန်းတွင် တပ်ဆင်အသုံးပြုမည့် စက်ပစည်းများ ထိန်းသိမ်းထားရှိမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှု စစ်ဆေး ခဲ့ပါသည်။  

Post under by : ဝန်ကြီးရုံး
20-May-2018