The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်နှင့် အလုံမြို့နယ်များရှိ ဓာတ်အားခွဲရုံများအား ကြည့်ရှုစစ်ဆေးသည့် သတင်း

        

                   ပြည်သူများ လျှပ်စစ်ဓာတ်အားတည်ငြိမ်ပြည့်ဝစွာ ရရှိစေရေးနှင့် ဓာတ်အားစနစ် ကြံ့ခိုင် ကောင်းမွန်စေရေးအတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနနှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်းမှ တာဝန်ရှိသူများ လိုက်ပါလျက် ၂၃.၆.၂၀၁၈ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လှိုင်သာယာမြို့နယ်နှင့် အလုံမြို့နယ်တို့ရှိ ဓာတ်အားခွဲရုံများသို့ ရောက်ရှိစစ်ဆေးခဲ့ပါသည်။ ရှေးဦးစွာ ဒုတိယဝန်ကြီး နှင့်အဖွဲ့သည် လှိုင်သာယာမြို့နယ်တို့ရှိ ၂၃၀ ကေဗွီ ကနောင်ဓာတ်အားခွဲရုံသို့ ရောက်ရှိရာ ခွဲရုံတာဝန်ရှိသူများမှ ဓာတ်အားခွဲရုံ၏ ဗို့အားအဝင်အထွက်အခြေအနေများ၊ ဝန်အားအခြေအနေများ နှင့် 155MVA ထရန်စဖော်မာတိုးချဲ့တပ်ဆင်တည်ဆောက်နေမှုများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီး မှ လုပ်ငန်းအချိန်မီပြီးစီးရေးနှင့် လျှပ်စစ်ဓာတ်အား လေလွင့်ပျောက်ဆုံးမှုမရှိစေရေး တို့အတွက် ဆောင်ရွက်ရမည့် ကိစ္စရပ်များအား လမ်းညွှန်မှာကြားပြီး ဓာတ်အားခွဲရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ၂၃၀ ကေဗွီ လှိုင်သာယာပင်မဓာတ်အားခွဲရုံသို့ ရောက်ရှိရာ 155 MVA  ထရန်စဖော်မာတိုးချဲ့တပ်ဆင်ဆောင်ရွက်နေမှုများအား စီမံကိန်းတာဝန်ခံမှ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပါသည်။ အဆိုပါ ၂၃၀ ကေဗွီ ကနောင်ပင်မဓာတ်အားခွဲရုံနှင့် ၂၃၀ ကေဗွီ လှိုင်သာယာပင်မဓာတ်အားခွဲရုံတို့တွင် ဆောင်ရွက်လျက် ရှိသော 155MVA ထရန်စဖော်မာတိုးချဲ့တပ်ဆင်ခြင်းလုပ်ငန်းများ ပြီးစီးပါက လှိုင်သာယာမြို့နယ် အတွင်း လျှပ်စစ်ဓာတ်အားပိုမိုဖြန့်ဖြူးပေးတော့မည်ဖြစ်ပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့်အဖွဲ့သည် အလုံမြို့နယ်ရှိ ၃၃ကေဗွီ ဟုန်ဟိုင်း ဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အားခွဲရုံအတွင်း ဗို့အားအဝင်အထွက်အခြေအနေများအား စစ်ဆေး၍ ဓာတ်အားဖြန့်ဖြူးပေးပို့ရာတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ လျှပ်စစ်ဓာတ်အားတည်ငြိမ်ပြည့်ဝစွာ ဖြန့်ဖြူးနိုင်ရေးနှင့် ဓာတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေး  အထူးဂရုပြုဆောင်ရွက်ရန် လမ်းညွှန် မှာကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
24-Jun-2018