The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ပြည်တွင်းထုတ်ဓာတ်ဆီများကို နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင် (၈) ဆိုင်မှ ဖြန့်ဖြူးရောင်းချပေးနိုင်ရေး ဆောင်ရွက်လျက်ရှိ

         နေပြည်တော် ၊ ဇွန်လ ၂၈ ရက်     

                နိုင်ငံတကာစက်သုံးဆီဈေးနှုန်းနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်လာခြင်းကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမြင့်တက်လာနိုင်သဖြင့် ဈေးနှုန်းထိန်းညှိရန်ရည်ရွယ်၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)မှ ထုတ်လုပ်သည့်  ပြည်တွင်းထုတ်ဓာတ်ဆီများအား သင့်တော်သော ဈေးနှုန်းဖြင့် ၁-၇-၂၀၁၈ ရက်နေ့မှစတင်၍ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၏ နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင် ၈ ဆိုင်များဖြစ်သည့် နေပြည်တော်(၀၃၅၄)၊ ရန်ကုန်(၀၂၇၅)၊ ရန်ကုန်(၀၂၅၄)၊ ရန်ကုန်(၀၂၄၇)၊ မန္တလေး(၀၆၁၁)၊ မန္တလေး(၀၆၁၄)၊ ပဲခူး(၀၁၉၂) နှင့် ဟင်းငုတ်ပင်(တောင်ငူ)(၀၁၆၀) တို့တွင် မော်တော်ယာဉ်ငယ်များ/မော်တော်ဆိုင်ကယ်များသုံးစွဲရန် ပြည်သူလူထုသို့ တိုက်ရိုက်လွတ်လပ်စွာ ပိတ်ရက်မရှိ လက်လီဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ပါသည်။

                ထို့အပြင် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)မှ ထုတ်လုပ် သည့် ပြည်တွင်းထုတ်ဓာတ်ဆီ ဂါလန် ၃ သန်းကို ၂၄-၄-၂၀၁၈ ရက်နေ့တွင် ပုဂ္ဂလိကစက်သုံးဆီ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်း(MPTA)သို့ ပထမအကြိမ် ဖြန့်ဖြူးရောင်းချပေး ခဲ့ပြီး ယခု ဒုတိယအကြိမ်အဖြစ် ဓာတ်ဆီ ဂါလန် ၃ သန်းအား ထပ်မံဖြန့်ဖြူးရောင်းချ ပေးမည် ဖြစ်ပါသည်။

Post under by : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
28-Jun-2018