၂၀၁၈ ခုနှစ်၊ မတ်လ ( ၆ ) ရက်
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့ နိုင်ငံတော်သမ္မတကြီး၏ ပူတာအို-ခေါင်လံဖူးခရီးစဉ် လမ်းညွှန်ချက်အရ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး၏ညွှန်ကြားမှုဖြင့် ခေါင်လံဖူးမြို့အား မူလက ၁၈.၇၅ ကီလိုဝပ်အား မီးစက်များဖြင့် ဓာတ်အားပေးထားရာမှ ခေါင်လံဖူး မြို့လုံးကျွတ် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန်အတွက် ၁၀ ကီလိုဝပ် မီးစက် (၃) လုံးအား ကားလမ်းမပေါက်သေးသဖြင့် လားများဖြင့် ခက်ခဲစွာ သယ်ယူ ပို့ဆောင်စေခဲ့ရာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ခေါင်လံဖူး မြို့သို့ ရောက်ရှိခဲ့ ပါသည်။ ပူတာအို-နောင်မွန်း ကားလမ်း(၇၅)မိုင်၊ နောင်မွန်းမြို့နယ်၊ မကွေစ လမ်းခွဲမှ ငါ့လုံစခန်းကားလမ်း (၃၁)မိုင်၊ ငါ့လုံစခန်းမှတောင်တက်လမ်း၊ ခြေကျင်(၉)မိုင်နှင့် မိုးမရွာပါက ဆိုင်ကယ်ဖြင့် (၂၁)မိုင် သွားလို့ရပြီး ခေါင်လံဖူးမြို့သို့ရောက်ရှိပါသည်။ ခေါင်လံဖူးမြို့အား ယခင်မီးသုံးသူ (၄၈)ဦး ရှိပြီး တိုးချဲ့ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၃၂၀၀ ပေ အသစ်တိုးချဲ့တည်ဆောက်ခဲ့ရာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ပြီးစီးခဲ့ပြီး မြို့လုံးကျွတ်မီးပေးနိုင်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်၊ မတ်လ ၅ ရက်နေ့တွင် ၄၀၀ ဗို့ဓာတ်အားလိုင်း ၃၂၀၀ ပေနှင့် ၄၈.၇၅ ကီလိုဝပ် မီးစက် ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ၎င်းဖွင့်ပွဲသို့ နယ်မြေခံတပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးနေမျိုးဇော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့် မြို့မိ မြို့ဖ ဦးပီတာတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ခေါင်လံဖူး မြို့လုံးကျွတ်နီးပါး မီးလင်းသွားပြီ ဖြစ်ကြောင်း တင်ပြအပ်ပါသည်။