The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တရုတ်ပြည်သူ့သမ္မတနိုင်ငံခရီးစဉ်အတွင်း မြန်မာ - တရုတ် နှစ်နိုင်ငံ အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိသော လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေး

         

         ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ( ၂၀ ) ရက်

လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသော လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် သြဂုတ်လ ၁၉ ရက်နေ့၊ နံနက်ပိုင်းတွင် CNPC International ကုမ္ပဏီဥက္ကဌနှင့် Petro China ကုမ္ပဏီ ဒုတိယဥက္ကဌဖြစ်သူ Mr. Wang Zhongcai နှင့် တာဝန်ရှိသူများ၊ Sino Pipeline International ကုမ္ပဏီမှ တာဝန်ရှိသူများ၊ Petro China Gas Marketing ကုမ္ပဏီမှတာဝန်ရှိသူများ၊ Chinnery Assets Limited ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့ဆွေးနွေးရာတွင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက် လျက်ရှိသော ရေနံနှင့်သဘာဝဓာတ်ငွေ့စီမံကိန်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ အသစ်တိုးချဲ့ ဆောင်ရွက်ရန် အလားအလာနှင့် အခွင့်အလမ်းများကိုလည်းကောင်း၊ အနာဂတ်ကာလတွင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန် အစီအစဉ်များကိုလည်းကောင်း ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

          မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Powerchina Group ကုမ္ပဏီ ၏ Executive Vice President ဖြစ်သူ Mr. Li Yanming နှင့်တာဝန်ရှိသူများ၊ TBEA Company Limited ၏ President ဖြစ်သူ Mr. Huang Hanjie နှင့်တာဝန် ရှိသူများ၊ China Energy Engineering Group International Company Limited ၏ President ဖြစ်သူ Mr. Yang Yisheng နှင့် တာဝန်ရှိသူများ၊ China Huadian Company ၏Chairman ဖြစ်သူ Mr. Feng Zheng နှင့် တာဝန်ရှိသူများ၊ Zhefu Holding Company ၏ Chairman Mr. Sun Yi နှင့် တာဝန်ရှိသူများအား တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လျက်ရှိသော LNG သဘာဝဓာတ်ငွေ့ရည်နှင့် စွန့်ပစ်အပူသုံးဓာတ်အားပေးစက်ရုံစီမံကိန်းများ၊ ရေအား လျှပ်စစ်စီမံကိန်းများနှင့် မဟာဓာတ်အားလိုင်း တည်ဆောက်ရေးစီမံကိန်းများ အချိန်မီ ပြီးစီးရေးအတွက် တွန်းအားပေးဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

          သြဂုတ်လ (၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ စွမ်းအင်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့၏ အုပ်ချုပ်ရေးမှူး၊ Mr. Nur Bekri ဦးဆောင်သော တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြန် ပူးပေါင်းဆောင်ရွက်ရေးခေါင်းစဉ်အောက်မှ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြပါသည်။ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Electric Power Planning Design & Research Institute သို့ သွားရောက်လေ့လာခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
20-Aug-2018