လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း
(အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)
၁။ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ အမှတ်(၄)ဓာတ်မြေသြဇာစက်ရုံ(မြောင်းတကာ)မှ (၁)လအတွင်းထွက်ရှိသော ယူရီးယားဓာတ်မြေသြဇာ ၅,၀၀၀တန်(တန်ငါးထောင်)ခန့်အား (၁)လ အတွင်း ထုတ်ယူသည့်စနစ်ဖြင့် တင်ဒါခေါ်ယူရောင်းချမည်ဖြစ်ရာ အဆိုပြုလွှာတင်သွင်းနိုင်ပါရန် ဖိတ်ခေါ် အပ်ပါသည်။