The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ယူရီးယားဓာတ်မြေသြဇာ ထုပ်ပိုးအိတ်ခွံအတွက် ကျသင့်တန်ဖိုးပေးချေရန်ကိစ္စ

မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ အမှတ်(၄)ဓာတ်မြေသြဇာစက်ရုံ(မြောင်းတ ကာ)မှ ၂၁.၈.၂၀၁၈ ရက်နေ့နှင့် ၂၂.၈.၂၀၁၈ ရက်နေ့တို့တွင် ယူရီးယားဓာတ်မြေသြဇာ ၂,၀၀၀တန် (တန်နှစ်ထောင်)စီ (ထုပ်ပိုးအိတ်ခွံမပါ)အား တင်ဒါစနစ်ဖြင့်ရောင်းချမည်ဖြစ်၍ တင်ဒါစည်းကမ်းချက် နှင့်တင်ဒါပုံစံများအား လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ Website (www. moee.gov.mm) တို့တွင် ကြော်ငြာထည့်သွင်းပြီးဖြစ်ပါသည်။

၂။         ယခုအခါ လုပ်ငန်းလိုအပ်ချက်အရ ယူရီးယားဓာတ်မြေသြဇာများကို အိတ်သွတ်ထားမည် ဖြစ်သဖြင့် အဆိုပါတင်ဒါများအတွက် တင်ဒါအောင်မြင်သူသည် စက်ရုံတွင်ကြိုတင်ထုပ်ပိုးထားသော ယူရီးယားဓာတ်မြေသြဇာအိတ်ခွံအတွက် ကျသင့်ငွေပမာဏနှင့် စက်ရုံတွင်အိတ်ခွံ သယ်/ချသည့်စရိတ် အား တင်ဒါအောင်မြင်သူမှကျခံရပါမည်။

Download Link : new.pdf
Post under by : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
13-Aug-2018