ဦးနေမျိုးထက်( ကျောက်တံတားမဲဆန္ဒနယ်)
မြန်မာနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်မှုမှာ ပြီးခဲ့သည့် ၈-၇-၂၀၁၈ ရက်က ၃၀၃၈ မဂ္ဂါဝပ် ကွန်တော်တို့ ထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ နေပြည်တော်တွင် သုံးစွဲမှုက ၁၃၃.၂ မဂ္ဂါဝပ်သုံးစွဲခဲ့ပါကြောင်း၊ ရန်ကုန်မြို့ တွင် ၁၂၅၁.၇ မဂ္ဂါဝပ် သုံးစွဲခဲ့ပြီး မန္တလေးမြို့တွင် ၅၈၆.၂ မဂ္ဂါဝပ် သုံးခဲ့ပါကြောင်း၊ အခြားတိုင်းဒေသ ကြီးနှင့် ပြည်နယ်များတွင် ၁၁၆၃.၁ မဂ္ဂါဝပ် သုံးစွဲခဲ့ပါကြောင်း၊ ဓာတ်ငွေ့နှင့် ကျောက်မီးသွေးသည် ကျောက်မီးသွေးက ထုတ်လုပ်မှုနည်းပါကြောင်း၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် ၂၀၁၆ ခုနှစ်တွင် ၅၁၀၆၇ မဂ္ဂါဝပ် Hour Day သုံးစွဲပြီး တဖြည်းဖြည်းနှင့် မြင့်တက်လာသည်မှာ ၂၀၁၈ ခုနှစ်တွင် ၆၂၀၂၄ မဂ္ဂါဝပ် Hour Day ကို မိမိတို့ သုံစွဲနေပါကြောင်း၊ ဆိုလိုချင်သည်မှာ ရေအားလျှပ်စစ်ထုတ်လုပ်မှုသည် အမြဲတမ်းမြင့်တက်နေပြီး မြန်မာနိုင်ငံအတွက် အဓိကထားသုံးနေရသည့်အတွက် ၂၀၁၇ ခုနှစ်တွင် ရေအားလျှပ်စစ်များ ပြီးစီးနိုင်ခြင်းမရှိပါကြောင်း၊ ထို့နောက် ရေအားလျှပ်စစ်များသည် ဘတ်ဂျက်မရ ရှိခြင်း၊ အကြောင်းအမျိုးမျိုးကြောင့် နောက်ကျသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ရေအားလျှပ်စစ်က ထုတ်လုပ်မှုများသည် တစ်နှစ်နှင့်တစ်နှစ် အဆပေါင်းများစွာ တိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၄-၁၅ ခုနှစ်တွင်လည်း တိုးတက်လာပါကြောင်း၊ နောက်ဆုံးအနေဖြင့် ၂၀၁၇-၁၈ ခုနှစ်တွင်လည်း အများဆုံးတဖြည်းဖြည်း လျှပ်စစ်ဓာတ်အားတိုးတက် လျက်ရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံသည် ရေအားလျှပ်စစ်ကို ဆောင်းရာသီ၊ မိုးရာသီတွင် အဓိကထားပြီး သုံးနေရပါကြောင်း၊ နွေရာသီတွင် ရေအားလျော့ကျသည့်အခါမှသာလျင် အခက်အခဲအနည်းငယ်ရှိသော်လည်း ယခုချိန်တွင် ဝန်ကြီးဌာန၏ စီမံမှုဖြင့် ရေစုပြီး ထိန်းသိမ်းထုတ်လုပ်သည့်အတွက် ယခင်နှစ်များထက်စာလျင် ပိုထုတ်လုပ်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ရေအားလျှပ်စစ်များသည် မြန်မာပြည်တွင် တည်ဆောက်ရန် လိုအပ် ပါကြောင်း၊ ထို့ကြောင့် ရေအားလျှပ်စစ်မံကိန်းများကို လျှပ်စစ်လိုအပ်လျက်ရှိသော မြန်မာနိုင်ငံအတွင်း လျှပ်စစ်ထုတ်လုပ်မှုကို ဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့ Plan စီမံကိန်းချပြီး ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မိမိတို့နိုင်ငံတွင် နေ့စဉ်လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့်အခါ အချိန်အလိုက် ပြည်သူများအသုံးပြုသည့် လျှပ်စစ်ပမာဏအနည်း၊ အများပေါ်မူတည်ပြီး ထုတ်လုပ်ကြခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ ထုတ်လုပ်တဲ့ အခါမှာ Base Load, Intermediate Load, Peak Load ဆိုပြီး ပိုင်းခြားပုံများမှာ ပြည်သူများ အိပ်သည့်အချိန်၊ နိုးသည့်အချိန်၊ လုပ်ငန်းများစတင်ချိန်၊ နေ့လယ်ထမင်းစားချိန်၊ အလုပ်ပြန်စချိန်၊ အိမ်ပြန်ချိန်စသည့် ပြုမူနေထိုင်မှုအချိန်များအလိုက် လျှပ်စစ်ဓာတ်အားလိုအပ်ချက် အနည်းအများသည် ပြောင်းလဲဖြစ်ပေါ်နေပြီး တစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အနည်း၊ အများပုံစံ ပြောင်းလဲ သွားပြီး ထိုပမာဏနှင့်ကိုက်ညီအောင် ဓာတ်အားပေးစက်ရုံများမှ ထိန်းညှိထုတ်လုပ်ပေးရခြင်း ဖြစ်ပါ ကြောင်း၊ တစ်နေ့တာ ဖြစ်ပေါ်နေသည့် နေ့စဉ်လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို Curve ဟု ခေါ်ဆိုခြင်း ဖြစ်ပါကြောင်း၊ Daily Load Curve တွင် ၂၄ နာရီဆက်တိုက် ပုံသေပမာဏမှသော လျှပ်စစ် ဓာတ်အားကို ထုတ်ပေးရန် လိုအပ်မှုကို Base Load ဟု ခေါ်ဆိုခြင်း ဖြစ်ပါကြောင်း၊ ပြည်သူများ အိပ်မောကျနေသည့်အချိန်မှလွဲပြီး တစ်နေ့တာ နာရီအများစုလျှပ်စစ်ထုတ်ပေးနေရမှု ပမာဏကို Intermediate Load ဟု ခေါ်ဆိုခြင်းဖြစ်ပြီး တစ်နေ့တာ၏ နာရီပိုင်းအချိန် အချို့မှာသာ လျှပ်စစ်သုံးစွဲမှု သိသိသာသာထူးကဲမြင့်တက်လာသည့် တစ်နေ့တာတွင် နှစ်ကြိမ်ခန့်ဖြစ်ပေါ်လေ့ရှိသည့်အချိန်တွင် ထုတ်လုပ်ပေးရသည့် ပမာဏကို Peak Load ဟု ခေါ်ဆိုခြင်း ဖြစ်ပါကြောင်း၊ Base Load ၏ သဘောသဘာဝအရ နေ့စဉ်ရက်ဆက် ၂၄ နာရီ ဆက်တိုက် လပေါင်းများစွာ လျှပ်စစ်ကို ပုံသေ ထုတ်လုပ် ပေးရသည့် အခြေအနေဖြစ်ပြီး ကာလကြာရှည်မနားတမ်း ထုတ်လုပ်ရသည့်သဘောသဘာဝနှင့် ကိုက်ညီ သည့် ထုတ်လုပ်နည်းများကို အသုံးပြုရခြင်း ဖြစ်ပါကြောင်း၊ထို့ကြောင့် Base Load အတွက်ကို ကမ္ဘာ့နိုင်ငံအသီးသီးတွင် သဘာဝပေးသည့် အခြေအနေအရ ထုတ်လုပ်ပေးရသော လျှပ်စစ်ဓာတ်အား ထုတ်လုပ်နည်းများမှာ Base Load အတွက်ဆိုလျင် Run-off-river ရေအား၊ နျူးကလီးယား ထုတ်သည့် လျှပ်စစ်၊ ကျောက်မီးသွေးကထုတ်သည့် လျှပ်စစ်များကို အသုံးရခြင်းဖြစ်ပါကြောင်း၊ လိုအပ်မှသာ Natural Gas မှ ထုတ်သည့်လှပ်စစ်ကို Base Load အတွက် အသုံးပြုခြင်း ဖြစ်ပါကြောင်း၊ ၎င်းအတွက် ကမ္ဘာပေါ်တွင် Base Load Generation အဖြစ် အောက်ပါ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နည်းများကို အသုံးပြုခြင်းဖြစ်ပါကြောင်း၊ ပထမတစ်ခုက မြစ်ရေစီး ကြောင်း၏ ရေစီးအားကိုတိုက်ရိုက်အသုံးပြုသည့် Run-off-river ရေအားလျှပ်စစ်အမျိုးအစား ဖြစ်ပါကြောင်း၊ နျူးကလီးယားလျှပ်စစ်အမျိုးအစား၊ ကျောက်မီးသွေးသုံး လျှပ်စစ်အမျိုးအစားနှင့် ဘူမိအပူသုံးလျှပ်စစ် အမျိုးအစားတို့ဖြစ်ပြီး မိမိတို့နိုင်ငံတွင် ဘူမိအပူသုံးလျှပ်စစ်အနေအထား မရှိပါကြောင်း၊ နျူးကလီးယားလှပ်စစ် ထုတ်မှုမရှိသည့်အတွက်ကြောင့် Run-off-river type ရေအားလျှပ်စစ်နှင့် ကျောက်မီးသွေးသုံးလျှပ်စစ်ကို Base Load အဖြစ် အသုံးပြုရမည့် အနေအထား ဖြစ်ပါကြောင်း၊
အဆိုပါစက်ရုံများအနက် Run-off-river type ရေအားလျှပ်စစ်စက်ရုံများကို အချိန်မရွေး စက်ကိုမောင်းလိုက်၊ ရပ်လိုက်ဖြင့် ဝန်အားကို တိုးထုတ်လိုက်၊ လျော့လိုက်လုပ်၍ ရသော်လည်း ကျန်သည့် ဓာတ်အားပေးစက်ရုံ အမျိုးအစားများက စက်ကိုတစ်ခါနှိုးထားပြီးလျှင် တောက်လျှောက် နာရီပေါင်းများစွာ ပုံသေပမာဏဖြင့် မောင်းနှင်ရခြင်းဖြစ်ပါကြောင်း၊ Intermediate Load Generation ၏ သဘောသဘာဝမှာ ပြည်သူများ အိပ်ယာကနိုးလာချိန်မှစပြီး ပြန်အိပ်မည့်အချိန်၏ တစ်နေ့တာ သက်ဝင်လှုပ်ရှားသည့် နာရီအချိန်များအတွက် Base Load အပြင် ထပ်မံလိုအပ်လာသော လျှပ်စစ်ဓာတ်အားကို ထပ်ဆောင်းပြီး ထုတ်လုပ်ပေးရသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံ ထုတ်လုပ် နည်းများနှင့်မှ ကိုက်ညီခြင်းဖြစ်ပါကြောင်း၊ အဆိုပါနည်းလမ်းများက သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများက ထုတ်လုပ်ခြင်းနှင့် ဆည်တည်ဆောက်ပြီး ရေကိုစုဆောင်း၍ လျှပ်စစ် ဓာတ်အားထုတ်သည့် Reservoir Type နှင့် သင့်တော်ခြင်း ဖြစ်ပါကြောင်း၊ အဆိုပါ စက်ရုံများအနက်မှ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများကို ရပ်လိုက်၊ မောင်းလိုက် တတ်နိုင်သမှ မလုပ်ရ ပါကြောင်း၊ မောင်းပြီးစက်ကိုနှိုးပြီးပြီဆိုပါက တောက်လျှောက် လျှပ်စစ်ဓာတ်အား ထုတ်သင့်ပါကြောင်း၊ ဆည်ရေစနစ်သုံးရေအားလျှပ်စစ် စက်ရုံများက စက်ကိုလိုအပ်လျင် နှိုးလိုက်၊ ဓာတ်အားကို လိုအပ်သလို အတိုးအလျော့လုပ်ပြီး မောင်းလိုက်၊ မလိုအပ်သည့်အချိန် စက်ကို ပြန်ရပ်လိုက်နှင့် Adjust လုပ်ပြီး အသုံးပြုလို့ရပါကြောင်း၊ အဆိုပါနည်းလမ်းနှစ်ခုဖြင့် Intermediate Load Generation ကို လျှပ်စစ်ထုတ်ပေးရမည် ဖြစ်ပါကြောင်း၊ ဖြစ်ပါတယ်ခင်ဗျား။
ပြည်သူများလျှပ်စစ်ကို အများဆုံးအသုံးပြုသည့်အချိန်တွင် Base Load Generation စက်များနှင့် Intermediate Load Generation စက်များအားလုံး မောင်းပြီးသည့်အချိန်မှ လျှပ်စစ်ကထပ်ပြီး လိုအပ်မှုရှိပါက နောက်ဆုံအဆင့်အနေဖြင့် ထပ်မံဖြည့်စွက်ပြီး Peak Load အတွက် လျှပ်စစ်ထုတ်ပေးရသည့် စက်များက နေရောင်ခြည်သုံး ဓာတ်အားပေးစက်ရုံ၊ လေအားသုံး ဓာတ်အားပေးစက်ရုံ၊ Pumped-Storage Type ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၊ လောင်စာဆီသုံးစက်များ ဖြစ်ပါကြောင်း၊ နေရောင်ခြည်နှင့် လေအားသုံးဓာတ်အား ပေးစက်ရုံများက ၂၄ နာရီအချိန်ပြည့် မထုတ်နိုင်ပါကြောင်း၊ လိုအပ်လျင် လိုအပ်သလောက် လှပ်စစ်ဓာတ်အားကိုလည်း အတိုးအလျော့ထုတ်၍ မရပါကြောင်း၊ Pumped-Storage Type ရေအားက Peak Load Generation တွင် လျှပ်စစ်ကိုထုတ်ခဲ့ပြီး အသုံးပြုခဲ့သည့်ရေကို မြစ်အောက်ပိုင်းတွင် ကန်ဖြင့်ပြန်စုရပါကြောင်း၊ ညအချိန်ကျမှ ပြည်သူများ လျှပ်စစ်မသုံးချိန်တွင် အပေါ်ရေကန်ကို ပြန်လည်တင်ရပါကြောင်း၊ ယခုလို နည်းများဖြင့်သုံးသည့် အတွက်ကြောင့် စရိတ်များစွာကုန်ကျသည့် ထုတ်လုပ်နည်းဖြစ်ပါကြောင်း၊
ရေအားလျှပ်စစ်ဓာတ်အားလျှပ်စစ် စက်ရုံတိုင်းကို Base Load အဖြစ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန် သင့်တော်မှုမရှိဘဲ သူ့အမျိုးအစားနှင့်သူ လိုက်လျောညီထွေထုတ်ရမည် ဖြစ်ပါကြောင်း၊ Base Load Generation အဖြစ် လျှပ်စစ်ထုတ်ပေးရသည့် Run-off-river ရေအားလျှပ်စစ်၊ ကျောက်မီးသွေးသုံး၊ နျူးကလီးယားများက ဓာတ်အားခထုတ်လုပ်ကုန်ကျစရိတ် သက်သာသည့်အတွက်ကြောင့် လျှပ်စစ်သုံးသူများ၏ လိုလားချက်ဖြစ်သည့် စျေးသက်သာခြင်းနှင့်ကိုက်ညီပါကြောင်း၊ ထိုစက်များ၏ သဘာဝအလှောက် လှပ်စစ်ဓာတ်အားကို စဉ်ဆက်မပြတ် မနားတမ်းထုတ်လုပ်နိုင်ခြင်းကလည်း ပြည်သူများလိုချင်သည့် အချိန်တိုင်းလှပ်စစ်ဓာတ်အားဆက်တိုက်ရရှိအောင် ထုတ်လုပ်ပေးနိုင်ရန်နှင့် လည်း ကိုက်ညီခြင်းဖြစ်ပါကြောင်း၊ Base Load Generation အမျိုးအစား ဓာတ်အားပေးစက်ရုံများကို တိုင်းပြည်တွင်များများ တည်ဆောက်နိုင်မှလျှပ်စစ်ဓာတ်အား ဖူလုံမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် လက်ရှိတည်ဆောက်ပြီး ရေအားလျှပ်စစ်စက်ရုံက ၂၇ ရုံရှိပြီး ၎င်းတို့၏စာရင်း တင်ပြချက်သည် စုစုပေါင်းမဂ္ဂါဝပ် ၂၈၀၀ ဖြစ်ပါကြောင်း၊ အဆိုပါ ၂၇ ရုံအနက် Intermediate Load Generation အဖြစ် သုံးသင့်သည့် Reservoir Type ရေအားက ၂၁ ရုံ၊ စက်တပ်ဆင်အင်အား ၂၁၇၀ မဂ္ဂါဝပ်ရှိပြီး၊ Base Load Generation အဖြစ်သုံးသင့်သည့် Run-off-river ရေအားစက်ရုံက ၆ ရုံ တင်ပြ ပါစာရင်းတွင် ဖော်ပြထားခြင်း ဖြစ်ပါကြောင်း၊ စက်တပ်ဆင်အင်အားက ၆၃၀ မဂ္ဂါဝပ် သာရှိခြင်းကြောင့် မိမိတို့နိုင်ငံတွင် ရေအားလျှပ်စစ် စက်ရုံများရှိသည်ဆိုသော်ငြားလည်း Base Load Generation အဖြစ် မောင်းနှင်ရန်သင့်တော်သော စက်အင်အားသည် ၆၃၀ မဂ္ဂါဝပ်သာဖြစ်ကြောင်း၊ လက်ရှိကာလတွင် တည်ဆောက်ဆဲ ရေအားလျှပ်စစ် စီမံကိန်း ၈ ခု၊ စက်တပ်ဆင်အင်အား ၁၃၅၈.၆ မဂ္ဂါဝပ်ရှိပါကြောင်း၊ တည်ဆောက်ဆဲနှင့် တည်ဆောက်ရန်စီစဉ်နေသည့် ရေအားလျှပ်စစ်စီမံကိန်းနှစ်ခု ရှိပါကြောင်း၊ ဆက်လက်ပြီးဆောင်ရွက်ရန် လျာထားပြီးဖြစ်သော စီမံကိန်းများကို Technical အားဖြင့် သော်လည်း ကောင်း၊ Financial အားဖြင့်သော်လည်းကောင်း၊ Environmental အားဖြင့်သော်လည်းကောင်း တည်ဆောက်ရန်သင့်/မသင့် လေ့လာဆန်းစစ်မှုများကို ဆောင်ရွက်နေသည့် စီမံကိန်းများဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် နောင်တစ်ချိန် ထပ်မံတည်ဆောက်နိုင်မည့် ရေအားလျှပ်စစ်စီမံကိန်းများကို နိုင်ငံ၏ ဘဏ္ဍာရန်ပုံငွေဖြင့်ဖြစ်စေ၊ ပြည်တွင်း/ပြည်ပရင်းနှီးမှုပ်နှံမှုဖြင့်ဖြစ်စေ ဆောင်ရွက်နိုင်ရန်အတွက်ကို ကွင်းဆင်းတိုင်းတာတွက်ချက်ပြီး ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုအစီရင်ခံစာများကိုလည်း ပြုစုနေလျက် ရှိပါကြောင်း၊ စီမံကိန်းများ၏ မြေပြင်အနေအထား၊ ဘူမိဗေဒအနေအထား၊ မိုးရေချိန်၊ ရေစီးဝင်နှုန်း၊ ရေသိုလှောင်နိုင်မှုအနေအထား၊ ထုတ်လုပ်နိုင်မည့် လှပ်စစ်ပမာဏ၊ ရေလှမ်းသွားမည့်ဧရိယာ၊ သစ်တော၊ ကျေးရွာ၊ စိုက်ပျိုးမြေ၊ သယံဇာတလုပ်ကွက် အစရှိသည်တို့ကို စူးစမ်းလေ့လာတွက်ချက်မှုများကို အချိန် ၃ နှစ်ခန့် အနည်းဆုံးယူပြီး ဆောင်ရွက်ရပါကြောင်း၊ တည်ဆောက်ရေးကာလကို စီမံကိန်း၏ အတိုင်း အတာ ပမာဏအလိုက် ၄ နှစ်ကနေ ၁၀ နှစ်အထိ အချိန်ယူဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း၊ ထို့အတွက်ကြောင့် စီးပွားရေးအရတွက်ခြေကိုက်မှု၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင် ရှုထောင့်မှ စစ်ဆေးမှုတို့ကို အသေးစိတ်စိစစ်ပြီးလျင် သင့်တော်မှုရှိသည့် ရေအားလျှပ်စစ်အရင်း အမြစ်များကနေပြီး မိမိတို့နိုင်ငံအတွက် အနာဂတ်တွင် လျှပ်စစ်ဓာတ်အားထုတ်ယူ သုံးစွဲနိုင်ရန်အတွက် ရေအားလျှပ်စစ်စီ မံကိန်းများကိုလည်း ဆက်လက်စီမံဆောင်ရွက်နေပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။
ဦးနေမျိုးထက်(ကျောက်တံတားမဲဆန္ဒနယ်)
မိမိတို့နိုင်ငံတွင် Base Load ဖြစ်သည့် ကျောက်မီးသွေးများ၊ နျူးကလီးယားများ မလုပ်နိုင်သည့် အတွက် ရေအားကိုသာ မှီခိုနေရပါကြောင်း၊ သဘာဝတရားကြီးသည် ရာသီဥတုများ ကြမ်းတမ်းလာ ပါကြောင်း၊ မိုးတွင်းကာလများတွင် မိုးရွာ၊ ရေကြီးပါကြောင်း၊ ထို့အတွက် ရေကာတာများကို အန္တရာယ်မရှိအောင် ရေကာတာများ တည်ဆောက်သည့်အခါ ထိခိုက်ကျိုးပေါက်မှုမရှိအောင် ပြည်သူ လူထုအသက်၊ အိုးအိမ်ကာကွယ်အောင် ဝန်ကြီးဌာနအနေနှင့် ဘယ်လိုစံချိန်၊ စံညှန်းများနှင့် လုပ်ဆောင်ပြီး စီမံကိန်းချလဲဆိုသည်ကို သိရှိလို၍ ဆက်စပ်မေးခွန်းမေးမြန်းခဲ့သည်။
လှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
ရေအားလှပ်စစ်စီမံကိန်းများကို စတင်စူးစမ်းတိုင်းတာစဉ်ကပင် အဆိုပါမြစ်၊ ချောင်းများ၏ ရေစီးဝင်မှုနှုန်းထားများကို နှစ် ၃၀၊ နှစ် ၅၀ စသည့် ဒေတာအချက်အလက်များကို မိမိတို့ စတင်လေ့လာရပါကြောင်း၊ ထို့ကြောင့် အနှစ် ၅၀ မှာမှတစ်ကြိမ်၊ အနှစ် ၁၀၀ မှာမှတစ်ကြိမ်၊ အနှစ် ၁၀၀၀ မှာမှတစ်ကြိမ် ဖြစ်ပေါ်လေ့ရှိသည့် Flat Condition များကိုလည်း မိမိတို့ တွက်ချက်ပြီးမှ ဆည်များ၏ဒီဇိုင်းကို တွက်ချက်တည်ဆောက်ရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့ဆည်တည်ဆောက် မည့် တည်နေရာများ၏ မြေငလျင်လှုပ်သည့်အချိန်တွင် ဖြစ်ပေါ်နိုင်သည့် အခြေအနေများကိုလည်း ထည့်သွင်း တွက်ချက်ရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ဆည်တည် ဆောက်မည့်နေရာတွင်ရှိသည့် မြေသား၏ခိုင်ခံ့မှုအနေအထား(Geological Condition) များကိုလည်း မူလဒီဇိုင်းတွက် ချက်စဉ်ကပင် ထည့်သွင်းဆောင်ရွက်ရပါကြောင်း၊ ထိုကဲ့သို့ အချက်အလက်ပေါင်းများစွာကို ထည့်သွင်းတွက်ချက် စဉ်းစားပြီးသည့်တိုင်အောင် ဆည်များကို တည်ဆောက်ရာတွင် တမံ၏ Body အတွင်းတွင် တည်ဆောက်ပြီးနှစ်မှစပြီး လစဥ်တိုင်းတာနိုင်သည့် Device များ၊ Instrument များကို ထည့်သွင်း တည်ဆောက်ပါကြောင်း၊ ၎င်းတို့မှာ Vertical Movement ရှိ/မရှိ၊ Horizontal Movement ရှိ/မရှိ၊ တမံအတွင်း ရေစိမ့်မှုရှိ/မရှိစသည့် Condition မျိုးစုံကို တိုင်းတာသည့် Instrument များ မိမိတို့ ထည့်သွင်းပြီး လစဉ်လည်း မိမိတို့ဆည်ကို ထိန်းသိမ်းရေးတာဝန်ကျ အင်ဂျင်နီယာအဖွဲ့မှ ပုံမှန်တိုင်း တာရပါကြောင်း၊ အကယ်၍ ငလျင်လှုပ်ခတ်မှုကဲ့သို့သော မမှော်မှန်းနိုင်သည့် ဖြစ်ရပ်ဖြစ်ပြီဆိုသည်နှင့် တစ်ပြိုက်နက် ဖြစ်စဉ်ဖြစ်ပြီးပြီးချင်း ချက်ချင်း အနီးတစ်ဝှိုက်ဒေသတွင် တည်ရှိနေသည့် ရေအား လျှပ်စစ်တမံများမှာ တပ်ဆင်တည်ဆောက်ထားသည့် တိုင်းတာသည့် Instrument များအားလုံးကို မိမိတို့ ချက်ချင်းပြန်လည်တိုင်းတာ စိစစ်ရပါကြောင်း၊ ဒီ့အတွက်ကြောင့် ထို့အတွက် တည်ဆောက်ထား သည့် ဆည်များ၏ကြံ့ခိုင်မှုသည် ဆည်၏အောက်ခြေတွင်နေထိုင်သည့် ပြည်သူလူထုအတွက် ထိခိုက်မှု မရှိနိုင်အောင် မိမိတို့ ကြိုတင်စဉ်းစားပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အမြဲတမ်း ဂရုတစိုက်ဆောင်ရွက်လျက်ရှိပါကြောင်း ဆက်စပ်မေးခွန်းအား ပြန်လည်ဖြေကြားခဲ့သည်။
Source....httpss://www.pyithuhluttaw.gov.mm/