၂၁ မတ်လ ၂၀၁၉
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP မှC1-W8/2018 ဖြင့် ဧရာဝတီ တိုင်းဒေသကြီးနှင့် C1-W9/2018 ဖြင့် မန္တလေးတိုင်းဒေသကြီးတို့အတွက် တည်ဆောက်ရေး လုပ်ငန်း တင်ဒါခေါ်ယူထားသော လုပ်ငန်းများအား နိုင်ငံတကာအကြံပေးပုဂ္ဂိုလ်များပါဝင်၍ တင်ဒါစိစစ်ရေးအဖွဲ့ဝင် များနှင့်အတူ ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်အတည် ပြုခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင် ဝန်ကြီးဌာနတင်ဒါစိစစ်အတည်ပြုရေးကော်မတီ၏ အစည်း အဝေးအမှတ် ၉/၂၀၁၉ ဖြင့် စိစစ်အတည်ပြု ဆုံးဖြတ်ထားပြီးဖြစ်ပါသည်။ ထို့ကြောင့် Lot အလိုက် အောက်ဖော်ပြပါကုမ္ပဏီများ တင်ဒါအောင်မြင်ကြောင်းနှင့် စာချုပ်ချုပ်ဆိုပြီးစီးပါက ကုမ္ပဏီများမှ မြေပြင် ကွင်းဆင်းလေ့လာပြီး တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောင် ရွက်တော့မည် ဖြစ်ပါကြောင်း အသိပေးအကြောင်း ကြားအပ်ပါသည်။
တင်ဒါအောင်မြင်သည့်ကုမ္ပဏီများမှလည်း တည်ဆောက်ရေးလုပ်ငန်းများအား အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုတင်ဒါတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ကမ္ဘာ့ဘဏ်၏ တင်ဒါစည်းမျဉ်းသတ်မှတ်ချက်များနှင့် မကိုက်ညီခဲ့သည့် ကုမ္ပဏီများမှလည်း မိမိတို့ကုမ္ပဏီ၏ တင်ဒါမအောင်မြင်ရသည့် အကြောင်းရင်းအားစုံစမ်း မေးမြန်းလိုပါက neppmomoee.info@gmail.com သို့ Email ပေးပို့၍လည်းကောင်း၊ Fax No. 067 3431176 သို့ စာဖြင့် Fax ပေးပို့၍လည်းကောင်း မေးမြန်းနိုင်ပါကြောင်း၊ ကမ္ဘာ့ဘဏ် ၏ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများအတိုင်း ပွင့်လင်းမြင်သာစွာဖြင့် ပြန်လည် ဖြေကြားပေးသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
Cred: by NEP