အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP ပထမဆင့်ပါကျေးရွာများအနက် C1-W1/18 တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်နှင့် ကသာခရိုင်အတွင်းရှိ ကျေးရွာ (၂၃၇)ရွာအတွက် တင်ဒါအောင်မြင်ခဲ့သည့် Myanmar Super Ray Co.,Ltd မှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပြီး (၅.၅.၂၀၁၉)ရက်နေ့အထိ ကျေးရွာ (၁၀၁)ရွာအတွက် တိုင်ကျင်းတူးခြင်း (၃၂၇၄)တိုင်၊တိုင်ထူခြင်း(၂၉၃၁)တိုင်၊ကွန်န်ကရစ် Footing လောင်းခြင်း (၁၇၁၂)တိုင်နှင့် Arm & Insulator တပ်ဆင်ခြင်း (၁၄၀၈)တိုင်တို့ ပြီးစီးနေ ပြီဖြစ်ပါကြောင်း သတင်းရရှိပါသည်။Credit#NEP