အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP ပထမဆင့်ပါကျေးရွာများအနက် C1-W5/18 ၊နေပြည်တော်(ပြည်ထောင်စု)နယ်မြေအတွင်းရှိ ကျေးရွာ (၇၀)ရွာအတွက် တင်ဒါအောင်မြင်ခဲ့သည့် Golden Smart Power Co.,Ltd မှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပြီး (၁၅.၅.၂၀၁၉)ရက်နေ့အထိ ကျေးရွာ (၆၅)ရွာအတွက် တိုင်ကျင်းတူးခြင်း (၂၈၀၇)တိုင်၊တိုင်ထူခြင်း(၁၅၅၃)တိုင်၊ကွန်ကရစ် Footing လောင်းခြင်း (၃၆၅)တိုင်၊ထရန်စဖော်မာ ၂တိုင်စင်ထူခြင်းနှင့် Footing လောင်းခြင်း(၃၂)လုံးတို့ ပြီးစီးနေ ပြီဖြစ်ပါကြောင်း သတင်းရရှိပါသည်။Credit#NEP