The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

သတိပြုဖွယ် လျှပ်စစ်အန္တရာယ် (၁၀)

  အများပြည်သူ လျှပ်စစ်အန္တရာယ် သတိပြုနိုင်စေရန်အတွက် သတိပြုဖွယ်လျှပ်စစ်အန္တရာယ် (၂) တွင် ဖော်ပြထားသော ဓာတ်လိုက်မှု ဖြစ်စဉ် အမျိုးအစား ၈ မျိုး အနက်မှ အများဆုံးဖြစ်ပွားသော ဖြစ်စဉ် ၅ မျိုးကို လက်တွေ့ ဖြစ်စဉ်အချို့ ကောက်နုတ်ကာ ဖော်ပြပေးပြီး ဖြစ်ပါသည်။ ကျန်ဖြစ်စဉ် ၃ ခုကို ဖော်ပြရပါက -

  • (က)   မဟာဓာတ်အားလိုင်း နှင့် ဗို့အားမြင့် ဓာတ်အားလိုင်းများ၏ တိုင်ပေါ်သို့ တက်ခြင်း၊ ဓာတ်ကြိုးများကို စမ်းသပ်သည့် သဘော ဖြင့် ထိခြင်းတို့ကြောင့် ဓာတ်လိုက်ခြင်း။  (ဆဌမ အများဆုံး)

  • (ခ)     ဓာတ်ရုံအတွင်း လျှပ်စစ်ပြုပြင်ရာမှ လျှပ်ပန်း ခံရခြင်း။(သတ္တမ အများဆုံး)

  • (ဂ)     မြေအောက်ဓာတ်ကြိုးများ၊ ဓာတ်အားလိုင်း များနှင့် ပေါက်မိ၊ထိမိ၍ Flash Over ဖြစ်ရာမှ ဓာတ်လိုက်ခြင်း (အဌမ အများ ဆုံး) တို့ဖြစ်ပါသည်။

ဓာတ်အားလိုင်းတိုင်များပေါ်သို့ တက်ရောက်ခြင်း၊ ဓာတ်အားခွဲရုံဝင်းအတွင်းသို့ ဝင်ရောက်ခြင်း များကြောင့် ဓာတ်လိုက်မှု ဖြစ်စဉ်များသည် ကလေးသူငယ်များနှင့် စိတ်မနှံ့သူများတွင် ဖြစ်ပွားလေ့ရှိပါ သည်-

  • -  ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့၊ ဇောင်းတန်း ရပ်ကွက်ရှိ စိတ်မမှန်သူ ဦး……..သည် ၂၀၀ ကေဗွီအေ ဓာတ်အားခွဲရုံဝင်း အတွင်းသို့ ဝင်ရောက်ပြီး ထရန်စဖော်မာ၏ ၄၀၀ ဗို့ အထွက် ဓာတ်အားလိုင်းအား သွပ်နန်းကြိုးဖြင့် ချိတ်၍ ကိုင်လိုက်စဉ် ဓာတ်လိုက်မှု ဖြစ်၍ သေဆုံးခဲ့ပါသည်။

  • -  ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာနေ မောင်……… နှင့် မောင်…….. ညီအစ်ကို ၂ ဦးသည် လယ်ကွင်းအတွင်း စပါးသီးနှံ ကောက်နေစဉ် ညီဖြစ်သူ မောင်……သည် ၆၆ ကေဗွီ ဓာတ်အားလိုင်းတိုင်ပေါ်သို့ တက်ရောက် ဆော့ကစားသဖြင့် အစ်ကိုဖြစ်သူက တိုင်ပေါ်မတက်ရန်အတွက် ခဲဖြင့် ပစ်ပေါက် ၍ လည်းကောင်း၊ အော်ဟစ်ပြောဆို၍ လည်းကောင်း တားမြစ်ခဲ့သည်။ ညီဖြစ်သူမှ စိတ်ဆိုးပြီး တိုင်ပေါ်မှ ဆင်းလာကာ အစ်ကို ဖြစ်သူကို ထိုးနှက်ခဲ့ပြီး ဓာတ်အားလိုင်းတိုင်ပေါ်သို့ ဒုတိယ အကြိမ် ပြန်လည်တက်ရောက်ရာ ဓာတ်အားလိုင်းကြိုးအနားအရောက်တွင် ဓာတ်လိုက်မှုဖြစ်၍ တိုင်ပေါ်မှ ပြုတ်ကျ သေဆုံးခဲ့ရသည်။

           မြေအောက်ဓာတ်အားလိုင်း၊ ဓာတ်အားလိုင်းကြိုးများ ပေါက်မိ၊ ထိမိ ဖြစ်ရာမှ လျှပ်ပန်းခံရမှု (Flash Over) ကြောင့် ဓာတ်လိုက်မှု ဖြစ်စဉ်များသည် လျှပ်စစ်ဝန်ထမ်းများတွင် ဖြစ်ပေါ်လေ့ရှိပါသည်။  လုပ်ငန်းခွင် ဆောင်ရွက်ရာတွင် အန္တရာယ် ကင်းရှင်းရေးဆောင်ရွက်ရန် အချက်များ လိုက်နာမှု လျော့နည်း ခြင်း၊ သတိကင်းလွတ်ခြင်းများကြောင့် အသက်ဆုံးရှုံးမှုများပင် ဖြစ်ပေါ်ခဲ့ပါသည် -

  • ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ရွှေပေါက်ကံမြို့နယ်၊ ပုဂံလမ်း နှင့် ညောင်ရမ်းလမ်းထောင့် ၁၁ ကေဗွီ ရွှေပေါက်ကံ ဓာတ်အားခွဲရုံတွင် မြေအောက်ကြိုးနှင့် ဓာတ်အားလိုင်းအား ဆက်သွယ်သည့် လိုင်းဖြတ်

  • ခလုပ် (D/S)တပ်ဆင်ခြင်း လုပ်ငန်းကို ပညာသည် အထွေထွေတာဝန် ဦး……..မှ ဆောင်ရွက်နေပါသည်။ ၎င်းအချိန်တွင် ၁၁ ကေဗွီ ဓာတ်အားလိုင်းမှ လျှပ်ပန်းမှုဖြစ်ပေါ်ပြီး ဓာတ်လိုက်မှုဖြစ်၍ ဦး……. သေဆုံးခဲ့ပါ သည်။

           လျှပ်စစ်အန္တရာယ် ဖြစ်ပွားမှု ဖြစ်စဉ်များကို လေ့လာ သုံးသပ်ရပါက လူတိုင်း လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အတွက် အဓိက အချက် ၂ ချက်ကို ဂရုပြုရမည် ဖြစ်ပါသည်။ ပထမ အချက်သည် လျှပ်စစ်အသိ ရှိရေးပင် ဖြစ်ပါသည်။ လျှပ်စစ်အန္တရာယ်ဖြစ်စေသော အချက်များကို ကလေး၊ လူကြီး မကျန်၊ တောရော…..မြို့ပါမကျန် လူတိုင်း သိထားရန် လိုအပ်ပါသည်။ ဒုတိယအချက်သည် လျှပ်စစ်သတိ ရှိရန် လိုအပ်ပါသည်။ သတိမမူ ဂူမမြင် ဆိုသည့် စကားအတိုင်း လျှပ်စစ်အသိ ရှိထားပြီးဖြစ်သည့် လျှပ်စစ် ကျွမ်းကျင်ဝန်ထမ်းများပင်လျှင် သတိကင်းလွတ်မှုကြောင့် လျှပ်စစ်အန္တရာယ် ဖြစ်စဉ်များ တွေ့နေရပါ သည်။ လျှပ်စစ်အသိ လျှပ်စစ်သတိ ရှိရန် လိုပါသည်။

           လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး လက်ကမ်းစာစောင်များကို ကျေးရွာ၊ ရပ်ကွက် များ၊ ကျောင်းများ၊စျေးများတွင် ဖြန့်ဝေခြင်း၊ နံရံကပ် ပိုစတာ များ ကပ်

 

ခြင်း၊ လူစည်ကားသော လမ်းဆုံလမ်းခွများ ရုံးများ တွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး ဆိုင်းဘုတ်များ စိုက်ထူ ခြင်း….. ကျောင်း၊ ရုံး၊ ရပ်ကွက်၊ ကျေးရွာများအတွင်း လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး ဟောပြောပွဲ များ ပြုလုပ်ခြင်းများအပြင် အသံချဲ့စက်ဖြင့် လှည့်လည် အသိပေး ကြေငြာခြင်းများ ဆောင်ရွက်လျက် ရှိပါသည်။ လူတိုင်းသိရှိလိုက်နာအောင် ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါ။

           လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက်ပြည်သူပါဝင်သော လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး ဖြင့်သာ အမြန်ဆုံး ဆောင်ရွက်သွားနိုင်မည် ဖြစ်ရာ လျှပ်စစ်အသိ ရှိသူများအနေဖြင့် မိမိအိမ်၊ မိမိပတ်ဝန်းကျင်တို့တွင် အသိပညာပေးဖြန့်ဖြူးပေးခြင်းဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြပါရန် ဖော်ပြ အပ်ပါသည်။

 

  • မွေကိုက်လျှင် ဆေးရှိသည်၊ ဓာတ်လိုက်လျှင် ဆေးမရှိ
  • လျှပ်စစ်အသိ၊ လျှပ်စစ်သတိ လုံးဝအန္တရယ်မရှိ
  • ဓာတ်အားလိုင်းကြိုးများနှင့် အိမ်တွင်းဝိုင်ယာကြိုးများ တွင် ဓာတ်အားရှိသည်ဟု အမြဲမှတ်ယူပါ။
03-Jan-2018