ခေါင်းစဉ်။ မြန်မာနိုင်ငံတွင်ဖွင့်လှစ်သောသင်တန်း၊ “လျှပ်စစ်ဓါတ်အားပို့လွှတ်ရေးနှင့်ဖြန့်ဖြူးရေးသင်တန်း “
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ Traniner Candidate များအတွက်မြန်မာနိုင်ငံ တွင်ဖွင့်လှစ်သည့်သင်တန်းဖြစ်သော “လျှပ်စစ်ဓါတ်အားပို့လွှတ်ရေးနှင့်ဖြန့်ဖြူးရေးအတွက် သင်တန်း“ကို၂၀၁၇ခုနှစ်၊ မတ်လတစ်လ နှင့် ဇွန်လမှသြဂုတ်လအထိ သုံးလတာ ကျင်းပခဲ့ပါသည်။ အဆိုပါသင်တန်းတွင်အောက်ဖော်ပြပါခေါင်းစဉ်များနှင့်သက်ဆိုင်သော အတန်းတက်ရောက်ခြင်းနှင့် Case Study ပြုလုပ်ခြင်းများကိုပြုလုပ်ခဲ့ကြပါသည်။
(၁) ဓါတ်အားဖြန့်ဖြူးရေး Planနှင့်ဒီဇိုင်း၊ (၂) ဓါတ်အားဖြန့်ဖြူးရေးတည်ဆောက်ရေးလုပ်ငန်း၊ (၃) ဓါတ်အားဖြန့်ဖြူးရေးလည်ပတ်ခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်း၊ (၄) ဓါတ်အားပို့လွှတ်ရေး နှင့် (၅) ဓါတ်အားဖြန့်ဖြူးရေးဓါတ်အားခွဲရုံ
ခေါင်းစဉ် လျှပ်စစ်ဓါတ်အားပို့လွှတ်ရေးနှင့်ဖြန့်ဖြူးရေးသင်တန်း
ကာလ ၂၀၁၇ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့မှ ဧပြီလ (၈) ရက်နေ့အထိ ၂၀၁၇ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့မှ သြဂုတ်လ (၂၅) ရက်နေ့အထိ
တက်ရောက် လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန(DEPP)၊လျှပ်စစ်ဓါတ်အားပို့လွှတ်ရေး သူများ နှင့်ကွပ်ကဲရေးဦးစီးဌာန(DPTSC)၊လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး လုပ်ငန်း(ESE)၊ရန်ကုန်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးကော်ပိုရေးရှင်း (YESC)၊မန္တလေးလျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးကော်ပိုရေးရှင်း(MESC)မှ Trainer Candidates များဖြစ်သော အင်ဂျင်နီယာ(၂၇)ယောက်
အကြောင်းအရာ - ဓါတ်အားဖြန့်ဖြူးရေးPlanနှင့်ဒီဇိုင်း။ဓါတ်အားဖြန့်ဖြူးရေးလိုင်းများ နှင့်ဓါတ်အားဖြန့်ဖြူးရေးFacilityများအားစီမံခန့်ခွဲခြင်းနှင့်ပတ်သက်သော စည်းမျဉ်းများစသည်။
- ဓါတ်အားဖြန့်ဖြူးရေးတည်ဆောက်ရေးလုပ်ငန်း။ ဓါတ်အားဖြန့်ဖြူးရေး လုပ်ငန်းတွင်ဘေးအန္တရယ်ကင်းရှင်းရေး၊ကြိုတင်မြင်တွေ့နိုင်သောအန္တရာယ် များ၊ 5S ဟုခေါ်ဆိုသောလုပ်ငန်းဆောင်တာများ။
- ဓါတ်အားဖြန့်ဖြူးရေးလည်ပတ်ခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်း။ ဓါတ်အား ဖြန့်ဖြူးရေးအော်တိုမစ်တစ်စနစ်၊ဓါတ်အားဖြန့်ဖြူးရေးစနစ်အားကာကွယ် ခြင်း၊ Grounding စသည်။
- ဓါတ်အားပို့လွှတ်ရေး။ ကောင်းကင်ဓါတ်အားလိုင်းပို့လွှတ်ရေးလိုင်း စသည်များအားစူးစမ်းလေ့လာခြင်းနှင့်လျှပ်ကာဒီဇိုင်းများအကြောင်း။
- ဓါတ်အားဖြန့်ဖြူးရေးဓါတ်အားခွဲရုံ။ Fault တွက်ချက်ခြင်းနှင့်Relay Setting အကြောင်းစသည်။
- ဘဏ္ဍာရေးခွဲခြမ်းစိတ်ဖြာခြင်း။ စီမံကိန်း၏ဘဏ္ဍာရေးနှင့်ပတ်သက်သော အပိုင်းအားခွဲခြမ်းစိတ်ဖြာခြင်း။
- ဂျပန်ကုမ္ပဏီများနှင့်အတူတကွအလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ Trainer Candidates များသည် အထက်ဖော်ပြပါ သင်တန်းကိုတက်ရောက်ခြင်းအားဖြင့်ဓါတ်အားပို့လွှတ်ရေးနှင့်ဓါတ်အားဖြန့်ဖြူးရေးစနစ်နှင့် ပတ်သက်သောဂျပန်နည်းပညာကိုသင်ယူခဲ့ကြပြီး၊ဓါတ်အားပျောက်ဆုံးမှုကိုလျှော့ချခြင်း၊လျှပ်စစ်ဓါတ်အားလိုင်းFaultနှင့်ဘေးအန္တရာယ်ကင်းရှင်းရေးစသည်တို့ကိုပိုမိုနားလည်လာခဲ့ကြပါသည်။ ထို့အပြင် ဂျပန်ကုမ္ပဏီများနှင့်အတူတကွကျင်းပခဲ့သောအလုပ်ရုံဆွေးနွေးပွဲတွင် Trainer Candidates များသည် ကွန်ကရစ်တိုင်၏Structure ဒီဇိုင်း၊ overhead conductor ဒီဇိုင်းစသည်တို့နှင့်ပတ်သက်သောဗဟုသုတများကိုရရှိခဲ့ကြပြီး၊ ဂျပန်နည်းပညာ၏အရည် အသွေးနှင့်အကျိုးသက်ရောက်မှုကိုသင်ယူလေ့လာခဲ့ကြပါသည်။