The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ တို့ ပူးပေါင်း၍ မြန်မာနိုင်ငံလျှပ်စစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်သော Seminar

စီမံကိန်း၏သတင်းအမှတ်စဉ်(၄)

 

ခေါင်းစဉ်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှမန်နေဂျာများအတွက်ဂျပန်နိုင်ငံတွင်ကျင်းပသော                         Seminar

 

၂၀၁၇ခုနှစ်၊ မေလတွင် ဂျပန်နိုင်ငံ၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ယခုစီမံကိန်းတွင်ပါဝင် ပတ်သက်သော ဓါတ်အားပို့လွှတ်ရေးနှင့်ဖြန့်ဖြူးရေးမန်နေဂျာများအတွက် Seminar အမှတ်စဉ် (၁) ကိုကျင်းပခဲ့ပါသည်။

 

ဂျပန်နိုင်ငံတွင်ကျင်းပသော Seminar ၏အဓိကရည်ရွယ်ချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။

 

  • ဆိုဒ်များအားသွားရောက်လည်ပတ်ခြင်းနှင့်အတန်းတက်ရောက်ခြင်းများမှတဆင့်ဂျပန်နိုင်ငံ၏ ဓါတ်အားခွဲရုံနှင့်ဓါတ်အားဖြန့်ဖြူးရေးစနစ်နှင့်သက်ဆိုင်သောဗဟုသုတနှင့်နည်းပညာများရရှိ စေရန်။
  • Chubu Electric Power (CEPCO)၏သင်တန်းကျောင်းအားသွားရောက်လေ့လာခြင်း၊ ဆောက်လုပ်ရေးကုမ္ပဏီများသို့သွားရောက်လေ့လာခြင်းအားဖြင့်သင်တန်းစနစ်နှင့်ပတ်သက် သောဗဟုသုတကိုရရှိစေရန်။
  • ဓါတ်အားဖြန့်ဖြူးရေးလိုင်းများအပေါ်ပိုမိုယုံကြည်စိတ်ချနိုင်မှုဖြစ်ပေါ်လာစေနိုင်ပြီး၊လျှပ်စစ်ဓါတ် အားပျောက်ဆုံးမှုကိုလျော့နည်းစေနိုင်သောဂျပန်ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်သောဗဟုသုတရရှိစေရန်။

 

သင်တန်းအစီအစဉ်မှာအောက်ပါအတိုင်းဖြစ်ပါသည်။

ခေါင်းစဉ်

ယခုစီမံကိန်းတွင်ပါဝင်ပတ်သက်သောဓါတ်အားပို့လွှတ်ရေးနှင့်ဖြန့်ဖြူးရေး    မန်နေဂျာများအတွက် Seminar အမှတ်စဉ် (၁)

ကာလ ၂၀၁၇ခုနှစ်၊ မေလ (၂၂) ရက်နေ့မှ (၂၆) ရက်နေ့အထိ (တစ်ပတ်တာကာလ)
တက်ရောက်သူများ 

လျှပ်စစ်စွမ်းအားစီမံရေးဦးစီးဌာန(DEPP)၊လျှပ်စစ်ဓါတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေး ဦးစီးဌာန(DPTSC)၊လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး လုပ်ငန်း(ESE)၊  ရန်ကုန်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးကော်ပိုရေးရှင်း(YESC)၊မန္တလေးလျှပ်စစ် ဓါတ်အားဖြန့်ဖြူးရေ ကော်ပိုရေးရှင်း(MESC)မှ မန်နေဂျာအဆင့်ရှိသောအရာရှိ (၁၀) ယောက်

 

 

အကြောင်းအရာ  -    ဂျပန်နိုင်ငံ၏လျှပ်စစ်စွမ်းအားလုပ်ငန်းအကြောင်း၊CEPCOအကြောင်း၊ ဓါတ်အားခွဲရုံအလုပ် နှင့်ဓါတ် အားဖြန့်ဖြူးရေးအလုပ်အကြောင်း
   - ဂျပန်ကုန်ပစ္စည်းထုတ်လုပ်သူများ၏နည်းပညာအားမိတ်ဆက်သောSeminar
   - CEPCO၏သင်တန်းကျောင်း(ပို့လွှတ်ရေး၊ဓါတ်အားခွဲရုံသင်တန်းနှင့်ဓါတ်အားဖြန့်ဖြူးရေးသင်တန်း)သို့သွားရောက်လည်ပတ်ခြင်းနှင့်သမိုင်းဝင်မှတ်တမ်းတင်  ပြတိုက်သို့သွားရောက်လည်ပတ်ခြင်း
   - နာဂိုယာတွင်ရှိသော CEPCO ၏နာဂိုယာဒေသ Dispatching Center  သို့သွားရောက်လည်ပတ်ခြင်း
   - TOENEC ၏ Education and Training Center သို့သွားရောက်လည်ပတ်ခြင်း

ဂျပန်နိုင်ငံတွင်Seminar တက်ရောက်ခြင်းအားဖြင့်တက်ရောက်သူများသည်ဂျပန်နိုင်ငံ၏ လျှပ်စစ်ဓါတ် အားပျောက်ဆုံးခြင်းနှင့်ဓါတ်အားလိုင်းတွင် Fault ဖြစ်ခြင်းကဲ့သို့သောလျှပ်စစ်စွမ်းအားလုပ်ငန်းနှင့် ပတ်သက်သောဗဟုသုတများနှင့်ဂျပန်နိုင်ငံ၏သင်တန်းစနစ်များအကြောင်းကို CEPCO ၏သင်တန်း ကျောင်း၊ဆောက်လုပ်ရေးကုမ္ပဏီများနှင့်TOENECတို့သို့သွားရောက်လေ့လာခြင်းအားဖြင့်သိရှိခဲ့ရပါသည်။ ထို့အပြင်တက်ရောက်သူများသည် ဂျပန်ထုတ်လုပ်သူများမှမိတ်ဆက်သောဂျပန်ပစ္စည်းများ နှင့်ပတ်သက်သောအသုံးဝင်သောအချက်အလက်များကိုရရှိခဲ့ကြပါသည်။

Post under by : Ministry Office
06-Jan-2018