ဘူမိဗေဒဌာနခွဲ၏ လုပ်ငန်းတာဝန်များမှာ-
(က) ရေအားလျှပ်စစ်တာတမံများတည်ဆောက်မည့် စီမံကိန်းဧရိယာနှင့်တမံအူကြောင်း တစ်လျှောက်မြေပြင်ဘူမိဗေဒအခြေအနေများ စူးစမ်းလေ့လာခြင်း၊
( ခ ) ရေဝပ်ဧရိယာ၏ မြေပြင်ဘူမိဗေဒအခြေအနေများ စူးစမ်းလေ့လာခြင်း၊
( ဂ ) ဘူမိဗေဒမြေပုံများရေးဆွဲခြင်း၊
(ဃ) စီမံကိန်းဧရိယာတွင် အင်ဂျင်နီယာဘူမိဗေဒအခြေအနေများသိရှိနိုင်ရန် စိန်လွန် တူးဖော်စမ်းသပ်ခြင်း၊
( င ) ရေစိမ့်တားနှုန်းတိုင်းတာခြင်း၊
( စ ) မြေစမ်းခြင်းများ (Test Pits)၊ မြေစမ်းမြောင်းများ (Test Trenches) တူးဖော် ၍မြေနမူနာယူခြင်း၊ရေ/မြေ/ကွန်ကရစ် စမ်းသပ်ဓာတ်ခွဲခန်းသို့ပို့ဆောင်စမ်းသပ် ခြင်း၊ ရေစိမ့်တာနှုန်းတိုင်းတာခြင်း၊
(ဆ) စမ်းသပ်ဘိလပ်မြေဖိသွင်းခြင်း (Test Grout) လုပ်ငန်းများဆောင်ရွက်ခြင်း၊
( ဇ ) ရေလွှဲဥမင်လိုဏ်/ ရေယူဥမင်လိုဏ်/ ရေလျှံထိန်းဆည်ဖောက်လုပ်ရာတွင်ယမ်း ဘီလူးနှင့်ဆက်စပ်ပစ္စည်းအသုံးပြုလျက် ကြီးကြပ်ဆောင်ရွက်ခြင်း၊
( ဈ ) ရေအားလျှပ်စစ်အဆောက်အအုံလုပ်ငန်းများအား ခိုင်ခန့်မှုအတွက် Grouting လုပ်ငန်းများဆောင်ရွက်ခြင်း၊
(ည) စိန်လွန်တွင်းတူးစက်ပစ္စည်းနှင့် အရန်ပစ္စည်းများကို ထိန်းသိမ်းခြင်း၊
( ဋ ) ရေအားလျှပ်စစ်ဆိုင်ရာအင်ဂျင်နီယာအဆောက်အအုံများ၏ အောက်ခံ အုတ်မြစ် ခိုင်ခံ့အောင်ပြုပြင်ခြင်း၊
( ဌ ) ဖို့မြေ၊ သဲ၊ ကျောက်၊ ကျောက်ကြီးစသည့် တည်ဆောက်ရေးပစ္စည်းများ ရှာဖွေခြင်း။