မီတာ ထိန်းသိမ်းစောင့်ရှောက်ခ(သို့မဟုတ်)ဝန်ဆောင်ခ
လျှပ်စစ်မီတာများ လစဉ် ထိန်းသိမ်းစောင့်ရှောက်ခ ကောက်ခံမှုနှင့် ပတ်သက်၍ မလိုအပ်ဘဲ ပေးဆောင်နေရကြောင်း၊ အိမ်သုံးမီတာ တစ်လုံးတွင် တစ်လ ၁၀၀ဝိ/- ကျပ် ပေးနေရမှုနှင့် ပတ်သက်၍ ပြောဆိုနေမှုများရှိပါသည်။ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုသည် ၁၉၅၁ ခုနှစ် ရန်ကုန်မြို့ မီးစတင် ပေးစကပင် စတင်ခဲ့ပါသည်။ လျှပ်စစ်မီတာသည် ရောင်းချခြင်း မဟုတ်ဘဲ ငှားရမ်းပေးသည့် သဘောဖြစ်သည့်အတွက် နိုင်ငံတကာတွင် Rent Fee အနေဖြင့် ကောက်ခံ ခဲ့ကြပါသည်။ အိမ်ရှင် အမည်ပေါက်ပေးပြီး နေရာပြောင်းခြင်း၊ ရောင်းချခြင်း ဆောင်ရွက်၍ မရပါ။ နိုင်ငံတကာတွင် ဓာတ်အားတစ်ယူနစ်အတွက် ကုန်ကျငွေ နှင့် ကိုက်ညီအောင် ရောင်းချလျက်ရှိသော နိုင်ငံများ၌ပင် မီတာ တစ်လုံးအတွက် လစဉ် ပုံသေ ပေးဆောင်ရသည့် Rent Fee ကို ကောက်ခံ ပေးလေ့ရှိပါသည်။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံတွင် မီတာတစ်လုံးလျှင် Fixed Prize အနေဖြင့် ရူပီ ၄၅၀ (၆၈၅ဝိ/-ကျပ်) ကောက်ခံမှု ပါဝင်ပါသည်။ ပုဂ္ဂလိက၊ အစိုးရဌာနများက ဝန်ဆောင်မှုပေးသော အခြားလုပ်ငန်းများတွင် လည်း လစဉ် သတ်မှတ်ကြေးများ ပေးဆောင်ကြရပါသည်။ ယခု မီတာ ပြေစာများတွင် Rent Fee အခေါ်အဝေါ်အစား မီးသုံးစွဲသူများအတွက် လက်ရှိလုပ်ငန်း ဆောင်ရွက် ပေးနေရမှု နှင့် ကိုက်ညီသော မီတာထိန်းသိမ်းစောင့်ရှောက်ခ အနေဖြင့် ရေးသားကောက်ခံခြင်း ဖြစ်သော ဝန်ဆောင်မှု စရိတ်ဖြစ်ပါသည်။ မီတာထိန်းသိမ်းစောင့်ရှောက်ခသည် မီးသုံးသူများ နေအိမ် ရှိ မီတာများ ထိန်းသိမ်းစောင့်ရှောက် ခြင်းအတွက် တောင်းခံခြင်း မဟုတ်ပါ။ ဓာတ်အားစတင် ထုတ်လုပ်သည့် စက်ရုံမှ မီးသုံးသူများအိမ် အထိ ဓာတ်အားရရှိရေးအတွက် ဓာတ်အားလိုင်းများ၊ ခွဲရုံများ စသည်တို့ကို ထိန်းသိမ်း ဆောင်ရွက်ပေး နေရသည့် ဝန်ဆောင်စရိတ်အချို့ ကာမိစေရန် ကောက်ခံခြင်း ဖြစ်ပါသည်။
Read More...