၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ( ၁၆ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ သစ်ပင်စိုက်ပွဲကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဗဟိုသင်တန်းကျောင်း (နေပြည်တော်) ဝန်းကျင်၊ ရုံးအမှတ် (၆)၊ (၄၄)၊ (၅၃) တို့နှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကွပ်ကဲမှုအောက် (တည်ဆောက်ရေး - ၁) ပေါင်းလောင်း၊ နေပြည်တော်ခွဲရုံ (၁) နှင့် (၂)၊ တိုင်း/ခရိုင်/မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး များနှင့် ပေါင်းလောင်းဓာတ်အားခွဲရုံ စသည့်နေရာများတွင်လည်း ကျွန်း၊ တမလန်း၊ ပျဉ်းကတိုး၊ ပိတောက် စသည့် ရတနာတန်းဝင်ပင်များနှင့် ကုက္ကို၊ ငုဝါ၊ မယ်ဇယ်၊ ပန်းမယ်ဇလီ၊ ၊ စိန်ပန်းပြာ၊ မယ်ဇလီ၊ တမာ စသည့် အရိပ်ရလေကာပင်များအပါအဝင် ပျိုးပင်စုစုပေါင်း ၃၀၈၀ ပင်တို့အား တစ်ချိန်တည်းတစ်ပြိုင်တည်း စိုက်ပျိုးခဲ့ကြပါသည်။