၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၃)ရက်နေ့မှ (၅)ရက်နေ့ထိ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့၌ ကျင်းပမည့် First General Assembly of International Solar Alliance (ISA)၊ 2nd Global Renewable Energy (RE)- Investors Meet and Expo ၊ Meeting of the Energy Ministers of Indian Ocean Rim Association (IORA) အစည်းအဝေးများသို့ တက်ရောက်ရန် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့ ည(၀၇:၄၅)နာရီအချိန်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့သို့ ထွက်ခွာသွားရာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E Mr. Vikram Misri နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။