၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်
သတင်းထုတ်ပြန်ခြင်း(၉/၂၀၁၈)အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား၌ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလအတွင်း ဓာတ်အားခွဲရုံများတွင် ထရန်စဖော်မာများ အင်အားတိုးမြှင့်ခြင်း ဆောင်ရွက် ပြီးစီးမှုအခြေအနေ၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေး၊ ဗို့အားပြည့်မီစွာဖြန့်ဖြူးပေးနိုင်ရေးအတွက် ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်မှုအခြေအနေ၊ POSCO Daewoo ကုမ္ပဏီမှ ၂၀၁၈-၂၀၁၉ ခုနှစ် လူမှုတာဝန်သိ လုပ်ငန်းအစီအစဉ်ဖြင့် ကျောက်ဖြူမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် သက်မွေးဝမ်းကျောင်း သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ခဲ့မှုအခြေအနေ၊ မြန်မာနိုင်ငံစက်သုံးဆီစျေးနှုန်းအခြေအနေ၊ မြန်မာ နိုင်ငံတွင် ရေနံဓာတ်ငွေ့ရည် တင်သွင်း၊ ဖြန့်ဖြူး၊ သုံးစွဲမှု အခြေအနေအခြေအနေများနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်နှင့်သတင်း ထုတ်ပြန်ရေး အဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သတင်းမီဒီယာသမားများ တက်ရောက်ခဲ့ကြပါသည်။