The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် (၁၁) ကြိမ်မြောက် စင်ကာပူ အပြည်ပြည်ဆိုင်ရာ စွမ်းအင်ရက်သတ္တပတ် (SIEW) ဖွင့်ပွဲအခမ်းအနား၊ အာဆီယံ (ASEAN) နှင့် အပြည်ပြည်ဆိုင်ရာပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာအဖွဲ့ (IRENA)တို့အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးခြင်းအခမ်းအနား များသို့ တက်ရောက်ခြင်းနှင့် Singapore Energy Summit တွင် ပါဝင် ဆွေးနွေး

၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ  (  ၃၀  ) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူနိုင်ငံ Marina Bay Sands  ရှိ Sand Expo and Convention Center တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် (၁၁) ကြိမ်မြောက် စင်ကာပူ အပြည်ပြည်ဆိုင်ရာစွမ်းအင်ရက်သတ္တပတ်  Singapore International Energy Week (SIEW) ဖွင့်ပွဲအခမ်းအနား၊ အာဆီယံ (ASEAN) နှင့် အပြည်ပြည်ဆိုင်ရာ ပြန်ပြည့်မြဲစွမ်းအင်ဆိုင်ရာအဖွဲ့ International Renewable Energy Agency (IRENA) တို့အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ (MOU) လက်မှတ်ရေးထိုးခြင်းအခမ်းအနားများသို့ အသီးသီးတက်ရောက်ခဲ့ ပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အာဆီယံစွမ်းအင်ဝန်ကြီးများ၊ အပြည်ပြည် ဆိုင်ရာစွမ်းအင်ဆိုင်ရာအဖွဲ့အစည်း၊ ဖွံ့ဖြိုးမှုရံပုံငွေ အဖွဲ့အစည်းများ၊ စွမ်းအင်ဆိုင်ရာကုမ္ပဏီ များမှ အကြီးအကဲများနှင့်အတူ Singapore Energy Summit တွင် ရင်းနှီးမြှုပ်နှံမှု (Invest) ခေါင်းစဉ်ဖြင့် ဆွေးနွေးသော  Panel Section တွင် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် စင်ကာပူနိုင်ငံ ဒုတိယဝန်ကြီးချုပ်မှ တည်ခင်းဧည့်ခံ သော နေ့လယ်စာစားပွဲသို့လည်း တက်ရောက်ခဲ့ပါသည်။

          မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံ စွမ်းအင်ဝန်ကြီး H.E Ms. Yeo Bee Yin ဉီးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့် နှစ်နိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
30-Oct-2018