၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ( ၃၁ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူနိုင်ငံ Marina Bay Sands ရှိ Sand Expo and Convention Center တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့၊ နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် (၁၁) ကြိမ်မြောက် စင်ကာပူ အပြည်ပြည်ဆိုင်ရာ စွမ်းအင်ရက်သတ္တပတ်, Singapore International Energy Week (SIEW) ၏ဆက်စပ်အစည်းအဝေးဖြစ်သော စင်ကာပူနှင့် အပြည်ပြည်ဆိုင်ရာစွမ်းအင်အေဂျင်စီ (IEA) တို့အကြား ကျင်းပသော Singapore - International Energy Agency Forum သို့ တက်ရောက်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်ပြည်ထောင်စု အမေရိကန်-အာဆီယံစီးပွားရေးကောင်စီ (US-ASEAN Business Council) မှ Senior Vice President Mr. Michael W. Michalak ဉီးစီးသော ကိုယ်စားလှယ်အဖွဲ့နှင့် နှစ်နိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြ ပါသည်။
ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Myanmar National Airlines UB 004 လေယာဉ်ဖြင့် စင်ကာပူအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြန်လည်ထွက်ခွါခဲ့ကြရာ မြန်မာ နိုင်ငံသို့ပြန်လည်ရောက်ရှိပါသည်။