The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ သွားရောက်ကြည့်ရှုစစ်ဆေး

 

၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ  (  ၁၀  )   ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဒေါက်တာထွန်းနိုင်သည် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရဲလွင်၊ ရန်ကုန်တိုင်းဒေသကြီး အမှတ်(၁)လွှတ်တော်ကိုယ်စားလှယ်ဒေါ်ယဉ်ယဉ်မြင့် နှင့် ရန်ကုန်တိုင်းဒေသကြီး၊ အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်ဝင်းတို့လိုက်ပါလျက် နိုဝင်ဘာလ (၁၀) ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်ရှိ သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

          အလုံသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံမှူးမှ လျှပ်စစ်ဓာတ်အားထုတ်လွှတ်ပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ လုပ်ငန်းတာဝန်မှုများနှင့်ပတ်သက်၍ ရှင်းလင်းမှာကြားခဲ့ပါသည်။

          ထို့နောက် TTCL Public Company Limited ၏တာဝန်ရှိသူမှ ဓာတ်အားပေး စက်ရုံ အသစ်တည်ဆောက်မည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှာ လိုအပ်သည်များအား ညှိနှိုင်းဆွေးနွေးမှာကြားခဲ့ပါသည်။ အဆိုပါစီမံကိန်းသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဝယ်ယူဖြန့်ဖြူးရေးစာချုပ် ချုပ်ဆိုပြီး ၂၈ လအတွင်း လျှပ်စစ်ဓာတ်အား ၃၈၈ မဂ္ဂဝပ် ထုတ်လုပ်ဖြန့်ဖြူးရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများမှ စီမံကိန်းအမြန်ဆုံး အကောင်အထည် ဖော်ရန် ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်၍ 230 kv အလုံပင်မလျှပ်စစ်ဓာတ်အားခွဲရုံ ခွဲရုံမှူးမှ ရန်ကုန်တိုင်းဒေသကြီး မြို့နယ် (၁၉) မြို့နယ်သို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးမှ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များမှ Liquified Natural Gas (LNG)  အသုံးပြု၍ လျှပ်စစ်ဓာတ်အားပေးစက်ရုံ (အလုံ) တည်ဆောက်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ သိရှိ လိုသည်များအား ဆွေးနွေးမေးမြန်းရာ ဒုတိယဝန်ကြီးမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး LNG သုံး ဓာတ်အားပေးစက်ရုံတည် ဆောက်မည့်မြေနေရာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
10-Nov-2018