The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး



၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ  (  ၁၀  )   ရက် 

          သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် တို့သည် တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် မုတ္တမကမ်းလွန် ဒေသလုပ်ကွက် M5 နှင့် M6 တွင် တည်ရှိသော ရတနာကမ်းလွန် သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့အား ကမ်းလွန် ရတနာသဘာဝဓာတ်ငွေ့ စီမံကိန်းမှ တာဝန်ရှိသူများက သဘာဝဓာတ်ငွေ့ ထုတ်လုပ်ဖြန့်ဖြူးပေးနေမှု အခြေအနေ များနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုလျော့နည်းအောင် ထိန်းသိမ်းထားမှု အခြေအနေများအား ရှင်းလင်းတင်ပြရာ မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဦးမျိုးမြင့်ဦးမှ ဖြည့်စွက်ရှင်းလင်းတင်ပြပါသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးများက သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်မှု မရှိအောင် အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီး စီမံကိန်းလုပ်ငန်းခွင်အတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းသည် မုတ္တမကမ်းလွန်ဒေသ၊ ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ကွက် M5 နှင့် M6 ​တို့တွင် တည်ရှိပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် Total E&P Myanmar ၊  Unocal Co. Ltd ၊ PTTEPကုမ္ပဏီတို့အကြား ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ် (Production Sharing Contract, PSC) အား (၉-၇-၁၉၉၂) ရက်နေ့တွင် ချုပ်ဆို၍ သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေး တွင်းတူးဖော်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပြီး (၃၁-၇-၁၉၉၈) ရက်နေ့တွင် ပိုက်လိုင်း မှတဆင့် ထိုင်းနိုင်ငံသို့ သဘာဝဓာတ်ငွေ့ စတင်တင်ပို့ရောင်းချခဲ့ပါသည်။

          ကမ်းလွန်ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းတွင် တွင်းထိန်းစင် (၃) ခု၊ ရုံးခန်းနှင့် လူနေစင် (၁) ခု၊ ထုတ်လုပ်ရေးစင် (၁) ခုနှင့် ဖိအားမြှင့်တင်ထိန်းချုပ်ရေးစင် (၁)ခုတို့ တည်ဆောက်ထားပြီး၊ စီမံကိန်းဧရိယာအတွင်း လေ့လာရေးတွင်း (၁) တွင်း၊ ထုတ်လုပ်မှုမှ ပါဝင်လာသော ရေအားပြန်လည်မောင်းသွင်းသည့် တွင်း (၁) တွင်း၊ သဘာဝဓာတ်ငွေ့သိုက် ဖိအားမြှင့်တင်ရေးအတွက် ရေမောင်းသွင်းနေသည့် တွင်း (၄) တွင်း၊ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးတွင်း (၁၅) တွင်းတို့မှ အောက်တိုဘာလအတွင်း နေ့စဉ်ပျမ်းမျှ သဘာဝ ဓာတ်ငွေ့ကုဗပေသန်း ၇၀၀ ခန့် ထုတ်လုပ်လျက်ရှိပြီး၊ ထိုင်နိုင်ငံသို့ နေ့စဉ် ပျမ်းမျှကုဗပေ သန်း ၅၁၅ သန်း အား ကမ်းလွန်ရတနာစီမံကိန်းမှ ကမ်းရိုးတန်းသဘာဝဓာတ်ငွေ့ လက်ခံ စခန်းအထိ ၃၆ လက်မအချင်းရှိ ပိုက်လိုင်းအရှည် ၂၁၆ မိုင်နှင့် ထိုမှတဆင့် နှစ်နိုင်ငံနယ်စပ်ရှိ သဘာဝဓာတ်ငွေ့လွှဲပြောင်းရေးစခန်းအထိ ပိုက်လိုင်းအရှည် ၃၉ မိုင် (စုစုပေါင်း ၂၅၅မိုင်) တည်ဆောက်၍ သဘာဝဓာတ်ငွေ့ထုတ်လုပ်တင်ပို့လျက်ရှိပြီး၊ ပြည်တွင်းသုံးအတွက် နေ့စဉ် ပျမ်းမျှကုဗပေသန်း ၁၅၅ သန်းခန့်အား ဖြန့်ဖြူးပေးလျက်ရှိပါသည်။

          ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း စီမံကိန်းဧရိယာအတွင်း ထုတ်လုပ်မှုထိန်းသိမ်းနိုင်ရေးနှင့် သဘာဝဓာတ်ငွေ့သိုက် အနေအထားသုံးသပ်ရေးအတွက် 4 Dimension Seismic ၂၂၇.၇၇ စတုရန်းကီလိုမီတာ တိုင်းတာခဲ့ပြီး၊ ဆက်လက်၍ စီမံကိန်းလုပ်ကွက် M5 အနောက်ဖက်တွင် 3 Dimension Seismic တိုင်းတာမှုအား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

          ကမ်းလွန်ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းတွင် (TEPM) အနေဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးများ လက်ရှိဆောင်ရွက်ထားရှိမှုအခြေအနေများမှာ လုပ်ကွက် M-5 & M-6 ရတနာစီမံကိန်း၏ Existing Yadana Facilities Environmental Management Plan (Existing Yadana Facilities - EMP) အစီရင်ခံစာကို ၁၆-၁၁-၂၀၁၆ ရက်နေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ ပေးပို့တင်ပြထားခဲ့ပြီး အဆိုပါ Existing Yadana Facilities EMP) အစီရင်ခံစာကို ၆-၈-၂၀၁၈ ရက်နေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ အတည်ပြုခဲ့ပါသည်။ လုပ်ကွက် M-5 &M-6 ၊ Exploration Drilling (M-6 B-1 / Aung Yadana Well) ၏ EIA (revised) အစီရင်ခံစာကို ၂၈-၆-၂၀၁၇ ရက်နေ့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန (ECD) သို့ တင်ပြခဲ့ပြီး၊ အဆိုပါ (M-6 B-1 / Aung Yadana Well) ၏ EIA (revised) အစီရင်ခံစာအား ပြန်လည်ဖြည့်စွက်တင်ပြရန် (ECD) မှ မှတ်ချက်ပြုသဖြင့် ပြန်လည်ဖြည့်စွက်တင်ပြရန် TEPM ကုမ္ပဏီသို့ ၇-၉-၂၀၁၈ ရက်နေ့ တွင် ပြန်ကြားခဲ့ပါသည်။ လုပ်ကွက် M-5 &M-6 တို့၏ 3D Seismic Survey IEE (revised) အစီရင်ခံစာအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ ၂၂-၅-၂၀၁၈ ရက်နေ့ တွင် ပေးပို့တင်ပြထားခဲ့ပြီး ၁၀-၈-၂၀၁၈ ရက်နေ့တွင် အဆိုပါ IEE အစီရင်ခံစာအပေါ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အတည်ပြုခဲ့ပါသည်။       

ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းသည် နိုင်ငံတကာ စံချိန်စံညွှန်းသတ်မှတ် ချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိရာ Sewage နှင့် Gray Water များ စွန့်ပစ်ခြင်းကို MARPOL 73/78 (Annex IV) နှင့် International Sewage Pollution Prevention (ISPP) Certificate နှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ Putrescible (Food) Waste များ စွန့်ပစ်ခြင်းကို MARPOL 73/78 (Annex V) နှင့်အညီ ဆောင်ရွက်လျက် ရှိကြောင်း၊ Blige Water နှင့် Deck Drainage များစွန့်ပစ်ခြင်းကို MARPOL 73/78 (Annex I) နှင့် အညီဆောင်ရွက်လျက်ရှိကြောင်း၊Solid and Hazardous Waste Discharge နှင့်ပတ်သက်၍ MARPOL 73/78 (Annex IV & V) နှင့်အညီ လိုက်နာ ဆောင်ရွက်လျက်ရှိကြောင်း၊ IFC (International Financial Corporation) မှ ပြဌာန်းထားသော General EHS Guidelines & Offshore EHS Guidelines နှင့် IMO (International Maritime Organization) ၏ ပင်လယ်ပြင်အတွင်း စွန့်ပစ်ပစ္စည်းနှင့် လိုက်နာရမည့် သတ်မှတ်ချက်များစသည့် နိုင်ငံတကာစံချိန်စံညွှန်းသတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်လျက်ရှိပါသည်။

 

Post under by : ဝန်ကြီးရုံး
11-Nov-2018