The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရေနံမီးသွေး Petroleum Coke ရောင်းချရန်ကြေညာခြင်း

၁။      မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် တွင် တည်ရှိသော ရေနံဓာတုဗေဒစက်ရုံစု(သံပရာကန်)မှ ထွက်ရှိသည့်  ရေနံမီးသွေး ​Petroleum Coke များကို စက်ရုံရှိလက်ကျန် Stock အခြေအနေအပေါ်မူတည်၍ လစဉ်ပြောင်းလဲသတ်မှတ် သည့်ရောင်းစျေးနှုန်းဖြင့် ရောင်းချပေးမည်ဖြစ်ပါ၍ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ရုံးချုပ်       (ရုံးအမှတ်(၄၄)၊ နေပြည်တော်)တွင် မည်သူမဆို လျှောက်ထားဝယ်ယူနိုင်ပါသည်။

၂။      ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ အတွက် ရေနံမီးသွေး ရောင်းစျေးနှုန်းမှာ တစ်မက်ထရစ်တန် လျှင်  ၂၂၀,၀၀၀ ကျပ် (ကျပ်နှစ်သိန်းနှစ်သောင်းတိတိ) ဖြစ်ပါသည်။               

၃။      အသေးစိတ်အချက်အလက်များအား မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု ဌာန ၊ ဖုန်း- ၀၆၇ ၃၄၁၁၀၈၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

                       မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း

Post under by : မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း(MPE)
14-Nov-2018