၁၂ ဒီဇင်ဘာလ ၂၀၁၈
၆၆ ကေဗွီ မော်လမြိုင် - သံဖြူဇရပ် ဓာတ်အားလိုင်း(၄၀.၄၈)မိုင် ၊ ၆၆/၃၃/၁၁ ကေဗွီ (၂၀) အမ်ဗွီအေ သံဖြူဇရပ်ဓာတ်အားခွဲရုံ နှင့် မော်လမြိုင် ဓာတ်အားခွဲရုံတွင် 66 kV Switch Bay တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများအား ၂၀၁၆ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ၇-၁၂-၂၀၁၈ ရက်နေ့တွင် ပြီးစီး၍ သံဖြူဇရပ်ဓာတ်အားခွဲရုံ၏ ၆၆/၃၃ ကေဗွီ (၂၀) အမ်ဗွီအေ ထရန်စဖော်မာ မှ ၉-၁၂-၂၀၁၈ ရက်နေ့ (၁၇:၀၀) နာရီတွင် ၃၃ ကေဗွီ ဖီဒါများဖြင့် သံဖြူဇရပ်မြို့ နှင့် ကျိုက္ခမီမြို့ ( ၂) မြို့ ၊ ကျေးရွာ (၂၈) ရွာရှိ အိမ်ထောင်စု ၁၂၆၂၉ စုကို ဗို့အားပိုမိုပြည့်ဝစွာဖြင့် အသုံးပြုနိုင်ရန် ဓာတ်အားဖြန့်ဖြူးပေးထားပါသည်။ လက်ရှိဝန်အား သုံးစွဲမှုမှာ 8.5 MW ခန့် သုံးစွဲလျက်ရှိပါကြောင်းနှင့် မုဒုံမြို့ နှင့် ကမာဝက်မြို့ အနီးရှိ ကျေးရွာ (၉၅) ရွာမှ အိမ်ထောင်စု ၂၁၃၈၅ စု ကို ဓာတ်အားတိုးတက်ဖြန့်ဖြူးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။