NEP လုပ်ငန်းများအတွက် တည်ဆောက်ရေးတင်ဒါရွေးချယ်ပြီးစီးမှု အခြေအနေတင်ပြခြင်း
၁၆.၁.၂၀၁၉
၁။ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP မှ C1-W2/18ဖြင့် စစ်ကိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့်ချင်းပြည်နယ်၊ C1-W3/18 ဖြင့် မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ C1-W4 / 2018 ဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် C1-W5/2018 ဖြင့် ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်) တို့အတွက် တည်ဆောက် ရေးလုပ်ငန်း တင်ဒါခေါ်ယူထားသော လုပ်ငန်းများအား နိုင်ငံတကာအကြံပေးပုဂ္ဂိုလ်များပါဝင်၍ တင်ဒါစိစစ်ရေးအဖွဲ့ဝင် များနှင့်အတူ ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်အတည် ပြုခဲ့ပြီးဖြစ်ပါသည်။ ထို့အပြင်ဝန်ကြီးဌာန တင်ဒါစိစစ်အတည်ပြုရေးကော်မတီ၏ အစည်း အဝေးအမှတ် ၁/၂၀၁၉ နှင့် ၃/၂၀၁၉ တို့ဖြင့် စိစစ်အတည်ပြု ဆုံးဖြတ်ထားပြီးဖြစ်ပါသည်။ ထို့ကြောင့် Lot အလိုက် အောက်ဖော်ပြပါ Download Link တွင် ကြေငြာထားသည့် ကုမ္ပဏီများ တင်ဒါအောင်မြင်ကြောင်းနှင့် စာချုပ် ချုပ်ဆိုပြီးစီးပါက ကုမ္ပဏီ များမှ မြေပြင်ကွင်းဆင်းလေ့လာပြီး တည်ဆောက်ရေးလုပ်ငန်းများ စတင် ဆောင်ရွက်တော့မည် ဖြစ်ပါ ကြောင်း အသိပေးအကြောင်း ကြားအပ်ပါသည်-
၂။ တင်ဒါအောင်မြင်သည့်ကုမ္ပဏီများမှလည်း တည်ဆောက်ရေးလုပ်ငန်းများအား အရည်အသွေးကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ယခုတင်ဒါတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ကမ္ဘာ့ဘဏ်၏ တင်ဒါစည်းမျဉ်းသတ်မှတ်ချက်များနှင့် မကိုက်ညီခဲ့သည့် ကုမ္ပဏီများမှလည်း မိမိတို့ကုမ္ပဏီ၏ တင်ဒါမအောင်မြင်ရသည့် အကြောင်းရင်းအားစုံစမ်း မေးမြန်းလိုပါက neppmomoee.info@gmail.com သို့ Email ပေးပို့၍လည်းကောင်း၊ Fax No. 067 3431176 သို့ စာဖြင့် Fax ပေးပို့၍လည်းကောင်း မေးမြန်းနိုင်ပါကြောင်း၊ ကမ္ဘာ့ဘဏ် ၏ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများအတိုင်း ပွင့်လင်းမြင်သာစွာဖြင့် ပြန်လည် ဖြေကြားပေးသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။