The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ဦးစီးအရာရှိ (စီမံ) များ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဦးစီးအရာရှိ (စီမံ) များ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရတနာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြပါသည်။

        ရှေးဦးစွာ ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနအနေဖြင့် မိမိတို့ဝန်ထမ်းများ၏ အရည်အချင်းများ တိုးတက်စေရန် နိုင်ငံခြားသို့ ပညာသင်စေလွှတ် ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ၊ ပညာရပ်ဆိုင်ရာစာတမ်းဖတ်ပွဲများသို့ တက်ရောက်စေခြင်း တို့အပြင် အရည်အသွေးမြှင့် မွမ်းမံသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အခြားဝန်ကြီးဌာန များမှ ပို့ချသည့်သင်တန်းများသို့ တက်ရောက်စေခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်ခဲ့သည့်သင်တန်းသည် ဝန်ကြီးဌာန၏ စီမံခန့်ခွဲရေးနှင့် သက်ဆိုင်သည့် လုပ်ငန်းဌာနများတွင် တာဝန်ထမ်းဆောင်နေသည့် ဦးစီးအရာရှိ (စီမံ) များကို ရုံးလုပ်ငန်း၏ အခြေခံဖြစ်သော စီမံခန့်ခွဲရေး၊ လုပ်ထုံးလုပ်နည်းများသာမက မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းရပ်များနှင့်သက်ဆိုင်သော စီမံခန့်ခွဲမှုနှင့် လုပ်ထုံးလုပ်နည်း များကိုပါ သိရှိစေလိုသဖြင့် သင်ကြားပေးခဲ့သည့် သင်တန်းဖြစ်ပါကြောင်း၊ သင်တန်း၏ ရည်ရွယ်ချက်သည် စီမံခန့်ခွဲရေးဆိုင်ရာ ဦးစီးအရာရှိတစ်ယောက်အဖြစ် မိမိ၏ဌာနဆိုင်ရာ လုပ်ငန်းရပ်များတွင် သိရှိထားသင့်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများ လုပ်ဆောင်ရမည့်နည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန် စသည့် အသိပညာပေးမှုများ နှင့်အတူ ဝန်ထမ်းတစ်ဦးအနေနှင့် လုပ်ငန်းခွင်တွင် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးကို ရည်ရွယ်ပြီး ယခုမွမ်းမံသင်တန်းအား စီစဉ်ပို့ချရခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းရေးရာနှင့် ပတ်သက်သည့် စီမံခန့်ခွဲရေးဆိုင်ရာများ၊ ခေါင်းဆောင်မှုပညာ စသည့် လုပ်ငန်းပိုင်းဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာကျွမ်းကျင်သူနည်းပြများက သင်တန်းကာလအတွင်း ပိုမို ရှင်းလင်းနားလည်စေရန် ပို့ချပေးခဲ့သလို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနနှင့် ပင်စင်ဦးစီးဌာန တို့မှလည်း ပါဝင်ဆွေးနွေးပို့ချပေးခဲ့ပါကြောင်း၊ သင်တန်းသားများအနေဖြင့် စီမံခန့်ခွဲမှု ဆိုင်ရာ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ၊ လုပ်ငန်းတာဝန်၊ လုပ်ငန်းဆောင်ရွက်ချက်၊ ဆောင်ရွက်မှုအခြေအနေများ၊ သိကောင်းစရာများကို ယခင်ကထက် ပိုမိုသိရှိနားလည် သွားမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့သက်ဆိုင်ရာဌာနအလိုက် တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းပိုင်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို မည်သို့ အသုံးချနေသည်ကို အချိန်တိုအတွင်း ရှင်းလင်းနားလည် သဘောပေါက်ခဲ့ကြမည်ဟု ယုံကြည်ပါကြောင်း၊ သင်တန်းဆင်းပြီး လုပ်ငန်းခွင်အသီးသီးသို့ ပြန်လည်ရောက်ရှိသည့်အခါ သင်တန်းမှရရှိသည့် အတွေ့အကြုံ များကို လက်တွေ့လုပ်ငန်းခွင်တွင် အကျိုးရှိရှိအသုံးချ၍ ဆက်လက်လေ့လာသင့်သည့် နည်းပညာရပ်များကိုလည်း ဆက်လက်ကြိုးစားလေ့လာဆည်းပူးသွားကြရန် မှာကြားလို ကြောင်း၊ ပေးအပ်လာသည့်တာဝန်များကို ဝန်ထမ်းကောင်းတစ်ယောက်အဖြစ် ခံယူချက် ကောင်းထားရှိပြီး အထက်၏ကြီးကြပ်ကွပ်ကဲမှု အနည်းဆုံးနှင့် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ မိမိဘဝတိုးတက်ရေးအတွက် အစဉ်လေ့ကျင့်သွားကြရန်၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ တာဝန်ယူ၊ တာဝန်ခံနိုင်သူများဖြစ်ရေး နေထိုင် ကျင့်ကြံသွားကြရန်၊ နိုင်ငံတော်အတွက်၊ ဝန်ကြီးဌာနအတွက်၊ မိမိလုပ်ငန်းခွင်အတွက် အားကိုးအားထားရသည့် ဝန်ထမ်းများဖြစ်ရေး ဝိုင်းဝန်းကြိုးစားကြရန် တိုက်တွန်းလို ကြောင်း  ပြောကြားခဲ့ပါသည်။

          ထို့နောက် ဒုတိယဝန်ကြီးက ထူးချွန်ဆုရရှိသော သင်တန်းသားအား ဆုချီးမြှင့်ခဲ့ပြီး သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်များ အသီးသီးပေးအပ်ခဲ့ပါသည်။

          ထို့နောက် ထူးချွန်သင်တန်းသား ၃ ဦးမှ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း၊ ခေါင်းဆောင်မှု အရည်အသွေးနှင့် စီမံခန့်ခွဲမှုနည်းလမ်းများနှင့် ပတ်သက်သည်များကို Power Point Presentation  ဖြင့် ရှင်းလင်းတင်ပြကြပါသည်။

         ၎င်းနောက် ဒုတိယဝန်ကြီးသည် ဌာနအကြီးအကဲများ၊ သင်တန်းနည်းပြဆရာများ၊ သင်တန်းသား/သင်တန်းသူ (၂၈) ဦးနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ ပါသည်။

Post under by : ဝန်ကြီးရုံး
15-Feb-2019