မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်ခရိုင်အတွင်းရှိ စဉ့်ကူမြို့နယ်၊ သပိတ်ကျင်း မြို့နယ်နှင့် မိုးကုတ်မြို့နယ်များသို့ ဗို့အားပြည့်မီစွာ အသုံးပြုနိုင်စေရေး၊ ဓာတ်အားတိုးချဲ့ ဖြန့်ဖြူးနိုင်စေရေးတို့အတွက် လက်ပံလှပင်မဓာတ်အားခွဲရုံတွင် 132/66/11 kV, 60 MVA တိုးချဲ့တပ်ဆင်ပြီးစီးသဖြင့် 66 kV လက်ပံလှ-ဇရပ်ကွင်းဓာတ်အားလိုင်း (၂၀.၅) မိုင်နှင့် 66/33/11 kV, 20 MVA ဇရပ်ကွင်း ဓာတ်အားခွဲရုံများသို့ (၂၁.၁၁.၂၀၁၇) ရက်နေ့တွင် ဓာတ်အားပို့လွှတ်နိုင်ခဲ့ပါသည်။
အဆိုပါ ဇရပ်ကွင်းခွဲရုံမှ 33 kV ဇရပ်ကွင်း-မိုးကုတ် ဓာတ်အားလိုင်း (၃၆) မိုင်၊ မိုးကုတ်မြို့နယ်တွင်းရှိ 33/11 kV,10 MVA နန်းနွဲ့ဓာတ်အားခွဲရုံ၊ 33/11 kV, 5 MVA မင်းတံတားဓာတ်အားခွဲရုံ၊ 33/11 kV,10 MVA ကျပ်ပြင်ဓာတ်အားခွဲရုံများအား လည်းကောင်း၊ 33 kV ဇရပ်ကွင်း-သပိတ်ကျင်းဓာတ်အားလိုင်း (၈) မိုင်းနှင့် 33/11 kV, 3 MVA ကျောက်ဖားဓာတ်အားခွဲရုံအားလည်းကောင်း (၂၂.၁၁.၂၀၁၇) ရက်နေ့တွင် ဓာတ်အားပို့လွှတ်နိုင်ခဲ့ပါသည်။ အဆိုပါ လုပ်ငန်းများပြီးစီးမှုကြောင့် မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ စဉ့်ကူမြို့နယ်၊ သပိတ်ကျင်းမြို့နယ်နှင့် မိုးကုတ်မြို့ နယ်များတွင် 33 kV ဗို့အားပြည့်မီစွာ သုံးစွဲနိုင်ပြီဖြစ်ပါသည်။