The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ၊ ပဲခူးတိုင်းဒေသကြီးအတွင်း လျှပ်စစ်နှင့်စွမ်းအင်ကိစ္စရပ်များစစ်ဆေးကြည့်ရှု

၄ ဧပြီလ ၂၀၁၉

            လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးစောဝင်းမောင်နှင့်တာဝန်ရှိသူများ လိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်တည်ဆောက် လျက်ရှိသည့် ၂၃၀ ကေဗွီ၊ ဘိုင်ဒါး ပင်မဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး ဓာတ်အားခွဲရုံ တည်ဆောက်ရေး ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ် ဆေးပါသည်။ စီမံကိန်းတာဝန်ခံမှ ဓာတ်အား ခွဲရုံတည်ဆောက်ရေး အခြေအနေများအား ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးမှ ဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းအား သတ်မှတ် ချိန်အတိုင်း ပြီးစီးရေးနှင့် လုပ်ငန်းလိုအပ်ချက်များအား မှာကြားပြီး တည်ဆောက်ရေး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပါသည်။

          အဆိုပါ ၂၃၀ ကေဗွီ ၊ ဘိုင်ဒါးဓာတ်အားခွဲရုံပြီးစီးပါက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဒိုက်ဦး၊ ညောင်လေးပင်မြို့နယ်များတွင် လျှပ်စစ်ဓာတ်အားများ ယခင်ထက်ပိုမိုတည်ငြိမ် ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် အဖွဲ့သည် ဒိုက်ဦးမြို့နယ်ရှိ  ၃၃/၁၁ ကေဗွီ ၊ ၁၀ အမ်ဗွီအေ ဓာတ်အားခွဲရုံနှင့် မြစ်ကျိုးမြို့နယ်ရှိ ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံများသို့ သွားရောက်၍ မြို့နယ်များအတွင်းရှိ ပြည်သူများသို့ လျှပ်စစ်ဓာတ်အား တည်ငြိမ်ပြည့်ဝစွာ ဖြန့်ဖြူးပေးနိုင်ရေးအတွက် လုပ်ငန်း လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
04-Apr-2019