အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP ပထမဆင့်ပါကျေးရွာများအနက် C1-W1/18 တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်အတွင်းရှိ ကျေးရွာ (၁၇၂)ရွာအတွက် တင်ဒါအောင်မြင်ခဲ့သည့် Able Winners Co.,Ltd မှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပြီး (၅.၄.၂၀၁၉)ရက်နေ့အထိ ကျေးရွာ (၇၈)ရွာအတွက် တိုင်ကျင်းတူးခြင်း (၂၂၈၀)တိုင်၊တိုင်ထူခြင်း(၁၅၉၈)တိုင်နှင့် ကွန်ကရစ် Footing လောင်းခြင်း (၄၂၁)တိုင်တို့ ပြီးစီးနေ ပြီဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Credit#NEP