The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုအခြေအနေနှင့် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ ရေပေါင်းဆုံပင်မဓာတ်အားခွဲရုံအား ကြည့်ရှုစစ်ဆေး

၂၀၁၉ ခုနှစ်၊ မေလ ( ၂ ) ရက်


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ ညနေပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုအခြေအနေနှင့် ကလောမြို့နယ်ရှိ လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန၊ ကလောပင်မဓာတ်အားခွဲရုံနှင့် ၂၀၁၉ ခုနှစ်၊ မေလ(၁)ရက်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ ရေပေါင်းဆုံပင်မဓာတ်အားခွဲရုံတို့သို့ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့တွင် ကလောပင်မဓာတ်အားခွဲရုံနှင့် မေလ (၁) ရက်နေ့တွင် ရေပေါင်းဆုံပင်မဓာတ်အားခွဲရုံတို့သို့ ရောက်ရှိခဲ့ရာ ဓာတ်အားခွဲရုံမှူးများမှ ဓာတ်အားခွဲရုံဆိုင်ရာအချက်အလက်များနှင့် ဓာတ်အား ဖြန့်ဖြူးပေးထားမှုအခြေအနေနှင့် ဓာတ်အားခွဲရုံသုံးပစ္စည်းများအား စစ်ဆေးထိန်းသိမ်းပြုပြင် ခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေတို့အားလည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ(တောင်ကြီး)မှ ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးထားမှုအခြေအနေ၊ နှစ်အလိုက် အမြင့်ဆုံးသုံးစွဲမှု ဝန်အားအခြေအနေ၊ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသည့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ် များနှင့်ပတ်သက်၍လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြပါသည်။ တင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးက ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံစီမံကိန်းလုပ်ငန်း များအား သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားရန်၊ လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ဝတ်စုံများဝတ်ဆင်၍ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် စနစ်တကျ စီမံဆောင်ရွက်သွားရန်၊ မိမိတို့ဝန်ကြီးဌာနသည် ပြည်သူလူထု နှင့် အနီးကပ် တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့်အတွက် ပြည်သူလူထုအား လေးလေးစားစား ဆက်ဆံရန်၊ ပြည်သူလူထု၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်များအပေါ် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက် ပေးသွားရန်နှင့် ပြည်သူလူထုအတွက် အရည်အသွေးပြည့်ဝသည့် လျှပ်စစ်ဓာတ်အားများ ဖြန့်ဖြူး ပေးနိုင်ရေး အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ သုံးပစ္စည်းများအား အရည်အသွေးပြည့်မီသည့် ပစ္စည်းများဖြင့် တပ်ဆင်အသုံးပြုသွားရန်၊ ဓာတ်အားခွဲရုံ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေး အတွက် ထရန်စဖော်မာများ၊ ဓာတ်အားခွဲရုံသုံးပစ္စည်းများနှင့် ဓာတ်အားလိုင်းများ ကြံ့ခိုင် ကောင်းမွန်စေရေး စဉ်ဆက်မပြတ်စစ်ဆေးဆောင်ရွက်သွားရန်၊ ဓာတ်အားခွဲရုံ ထိန်းသိမ်း ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်သည့်အခါ ဓာတ်အားပိတ်၍ ဆောင်ရွက်ရပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များသို့ တင်ပြပြီး ဓာတ်အားပြတ်တောက်ချိန်အနည်းဆုံးနှင့် ပြည်သူလူထု အပေါ် ထိခိုက်မှုအနည်းဆုံးဖြစ်စေရေး အလေးအနက်ထား ဆောင်ရွက်သွားရန်နှင့် ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်နိုင်သည့်အခြေအနေတို့မှ ကာကွယ်နိုင်ရေး ကြိုတင် စီမံ ဆောင်ရွက်ထားရန် လမ်းညွှန်မှာကြားခဲ့ပြီး ဓာတ်အားခွဲရုံများရှိ ဓာတ်အား ထိန်းချုပ်ခန်းနှင့် Switchyard အတွင်း လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူးပေးထားမှု အခြေအနေတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
02-May-2019