အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP ပထမဆင့်ပါကျေးရွာများအနက် C1-W2/18 စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်နှင့်ကလေးခရိုင်အတွင်းရှိကျေးရွာ (၇၂)ရွာအတွက် တင်ဒါအောင်မြင်ခဲ့သည့် Htoo Myat Myanmar Co.,Ltd မှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပြီး (၅.၆.၂၀၁၉)ရက်နေ့အထိ ကျေးရွာ (၃၄)ရွာအတွက် တိုင်ကျင်းတူးခြင်း (၁၅၄၇)တိုင်၊တိုင်ထူခြင်း(၇၂၅)တိုင်၊ကွန်ကရစ် Footing လောင်းခြင်း (၆၁၁)တိုင်၊Arm & Insulator တပ်ဆင်ခြင်း (၆၃၇)တိုင်၊ ကြိုးဆွဲခြင်း(၃၃၇၆၈)ပေ၊ထရန်စဖော်မာ ၂တိုင်စင်ထူခြင်း(၂၃)စင်တို့ ပြီးစီးနေ ပြီဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Credit #NEP