အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP ပထမဆင့်ပါကျေးရွာများအနက် C1-W5/19 Lot 3 ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်းရှိကျေးရွာ (၅၄)ရွာအတွက် တင်ဒါအောင်မြင်ခဲ့သည့် Myan Pyi Htun Co.,Ltd မှ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပြီး (၂၁.၆.၂၀၁၉)ရက်နေ့အထိ ကျေးရွာ (၅၄)ရွာအတွက် တိုင်ကျင်းတူးခြင်း (၁၉၂၆)တိုင်၊ တိုင်ထူခြင်း(၈၈၈)တိုင်၊ ကွန်ကရစ် Footing လောင်းခြင်း (၄၇၉)တိုင်၊ Arm & Insulator တပ်ဆင်ခြင်း (၄၀၆)တိုင်၊ ကြိုးဆွဲခြင်း(၅၃၆၄၀.၉)ပေ၊ ၂ တိုင်စင်တိုင်ထူခြင်းနှင့် Footing လောင်းခြင်း(၂၀)စုံ၊ DS, LA, DOF များတပ်ဆင်ခြင်း(၃)စုံတို့ ပြီးစီးနေပြီဖြစ်ပါကြောင်း သတင်းရရှိပါသည်။ Credit#NEP