၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ( ၁၅ ) ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး (လျှပ်စစ်) ဦးခင်မောင်ဝင်းသည် Convalt Energy Myanmar Co.,Ltd. မှ ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့၊ ၁၅:၃၀ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မန္တလေးတိုင်းဒေသကြီး၊ နဘူးအိုင်နှင့် ဝမ်းတွင်းဒေသတို့တွင် ၂၅ မဂ္ဂါဝပ်စီထွက်ရှိမည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများ အကောင် အထည်ဖော်ရန် အမေရိကန်နိုင်ငံအခြေစိုက် ACO Investment Group LLC & Convalt Energy LLC နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့အကြား Power Purchase Agreement (PPA) Amendment များ ဆွေးနွေးခြင်း၊ စီမံကိန်းအတွက် Financial Close Security အဖြစ် Performance Bank Guarantee ပေးသွင်းမှုအခြေအနေ၊ ဓာတ်အား ပို့လွှတ်ရေးဆိုင်ရာ Transmission Line လမ်းအူကြောင်း Survey ဆောင်ရွက်နေသည့် ကိစ္စများ၊ PPA အရ သင့်တော်သည့် ဓာတ်အားခနှုန်းထားများဖြစ်စေရေးနှင့် မြေယာ ကိစ္စအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရနှင့် ဆွေးနွေးမှုအခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ Convalt Energy Myanmar Co.,Ltd. မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။