လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း
(အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)
၁။ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း လက်အောက်ရှိ ရေနံဓာတုဗေဒစက်ရုံစု (သံပရာကန်) မှ ထွက်ရှိသည့် ရေနံမီးသွေး (၃,၀၀၀) မက်ထရစ်တန် (မက်ထရစ်တန်သုံးထောင်တိတိ)ကို စက်ရုံမှတိုက်ရိုက်ထုတ်ယူသည့်စနစ်ဖြင့် မြန်မာကျပ်ငွေဖြင့် တင်ဒါခေါ်ယူရောင်းချမည်ဖြစ်ရာ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများမှ အဆိုပြုလွှာတင်သွင်းနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။