The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းနှင့်Kansai Electric Power မှ Project General Manager ဖြစ်သူ Mr. Hidemasa Takashima ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံဆွေးနွေး

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ( )ရက်

          လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်း သည် Kansai Electric Power မှ Project General Manager ဖြစ်သူ Mr. Hidemasa Takashima ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့၊ ၁၃:၀၀ နာရီ အချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် Kansai Electric Power တို့အကြား ယခင်ကပူးပေါင်းဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ရှေ့ဆက်ပူးပေါင်း လုပ်ဆောင်လိုသည့် လုပ်ငန်းအစီအစဉ်များ၊ Gas Turbine စက်များကို အရည်အသွေး မြင့်တက်လာအောင်  Long Term Operation and Maintenance အတွက် ဝန်ကြီးဌာနမှ သုံးသပ်နိုင်ရန် Detail Proposal တင်ပြနိုင်ရေး၊ နိုင်ငံတော်မှ ပြဋ္ဌာန်းထားသောမူဝါဒ၊ ညွှန်ကြားချက်များနှင့်အညီ လိုအပ်သည့် လေ့လာမှုများ ဆောင်ရွက်နိုင်ရေး စသည့် ကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါ တွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ Kansai Electric Power မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
02-Dec-2019