The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်း AKORE MYANMAR Investment Group မှ Managing Director ဖြစ်သူ Dr.Peter Kim ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါသည်။

နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ( )ရက်

            လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် AKORE MYANMAR Investment Group မှ Managing Director ဖြစ်သူ Dr. Peter Kim ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

            ထိုသို့တွေ့ဆုံရာတွင် ရန်ကုန်မြို့ရှိ စွန့်ပစ်အမှိုက်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် နိုင်မည့် စီမံကိန်းနှင့်ပတ်သက်၍ အမေရိကန် Environmental Energy and Finance Corporation (EEFC)၏ ရင်းနှီးမြှုပ်နှံဆောင်ရွက်မည့် အစီအစဉ်များ၊ ပတ်ဝန်းကျင် ထိခိုက်မှု များကို လျှော့ချနိုင်ရန်အတွက် စွန့်ပစ်အမှိုက်အမျိုးမျိုးကို Eco-Friendly ပုံစံဖြင့် ဖယ်ရှား နိုင်မည့် Gasification နည်းစဉ်ကို အသုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်မည့် လုပ်ငန်းစဉ် များ၊ စီမံကိန်းဖြစ်မြောက်နိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရနှင့် ပူးပေါင်း ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။

             အဆိုပါ တွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနရှိ သက်ဆိုင်ရာ ဌာနအကြီးအကဲများနှင့် AKORE MYANMAR Investment Group မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
07-Jan-2020