၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ( ၁၄ )ရက်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် KL Amazing Power Co., Ltd. မှ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ U Khual Lian Kam ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့၊ ၁၃:၀၀ နာရီ အချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ ဇဟောချောင်းပေါ်တွင် ရေအား လျှပ်စစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းအကြို ဖြစ်မြောက်နိုင်စွမ်းလေ့လာမှု (Preliminary Feasibility Study) ဆောင်ရွက်နေမှုအခြေအနေ၊ စီမံကိန်းဖြစ်မြောက်နိုင်စွမ်းလေ့လာမှု (Feasibility Study) ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများ၊ စီမံကိန်းအတွက် ESIA လုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သက်ဆိုင်ရာ ဌာနအကြီးအကဲ များနှင့် KL Amazing Power Co., Ltd. မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။