The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်း Korea Western Power Co., Ltd. မှ Managing Director ဖြစ်သူ Mr. Kim, Jong-Sung ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆ

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ( ၁၄ )ရက်

            လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(လျှပ်စစ်) ဦးခင်မောင်ဝင်းသည် Korea Western Power Co., Ltd. (KOWEPO) မှ Managing Director ဖြစ်သူ Mr. Kim, Jong-Sung ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့၊ ၁၅:၁၅ နာရီအချိန်တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

            ထိုသို့တွေ့ဆုံရာတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် KOWEPO တို့အကြား လက်မှတ် ရေးထိုးခဲ့သော MOA အရ သာကေတသဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းကို ဆက်လက်ဆောင်ရွက်သွားနိုင်ရေး၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် ကုမ္ပဏီအစုအဖွဲ့များ ဖွဲ့စည်းထားရှိမှုအခြေအနေ၊ စီမံကိန်းအတွက် ဌာနမှ သဘာဝဓာတ်ငွေ့ ပံ့ပိုးပေးနိုင်မည့်အခြေအနေများ၊ ဝန်ကြီးဌာနမှ လက်ရှိ စီမံဆောင်ရွက်နေ သည့် အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သက်ဆိုင်ရာ ဌာနအကြီးအကဲ များနှင့် Korea Western Power Co., Ltd. မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Post under by : ဝန်ကြီးရုံး
16-Jan-2020