The Republic of the union of myanmar

Ministry Of Electricity And Energy

Breaking News :

ရန်ကုန်တိုင်းေဒသကြီးအတွင်းလျှပ်စစ်ဓာတ်အားတိုးြမှင့်ဖြန်းဖြူးေပးနိုင်ေရး နှင့် ဓာတ်အားစနစ် တိုးတက်ကောင်းမွန်ရေးတို့အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်သည့်သတင်း

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ  ၂၇  ရက်     

        ရန်ကုန်တိုင်း​ေဒသကြီးအတွင်းလျှပ်စစ်ဓာတ်အားတိုးြမှင့်ဖြန်းဖြူး​ေပးနိုင်​ေရး နှင့် ဓာတ်အား စနစ်တိုးတက်ကောင်းမွန်ရေးတို့အတွက် လုပ်ငန်းညှိနှိုင််းအစည်းအဝေးကို ၂၀၁၈ခုနှစ် ဇန်နဝါရီလ (၂၇)ရက်​ေန့ (၀၉း၀၀)နာရီအချိန်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

       အဆိုပါအစည်းအဝေးသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန/လုပ်ငန်း/ ကော်ပိုရေးရှင်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဥက္ကဋ္ဌများ၊ ဌာန အကြီးအကဲများနှင့်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိခရိုင်/မြို့နယ်လျှပ်စစ်မန်နေဂျာများ တက်ရောက် ကြပါသည်။

       ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီး သည် လျှပ်စစ်ကဏ္ဍတွင် အရေးပါသည့် ဒေသကြီးတစ်ခုဖြစ်သည့်အတွက် အစည်းအဝေး ကျင်းပရ ခြင်းဖြစ်ပါကြောင်း၊ မြန်မာတစ်နိုင်ငံလုံးလျှပ်စစ်နှင့်ပတ်သက်လျှင် Installed Capacity  (၅၀၀၀) ခန့်ကို ဓာတ်အားပေးစက်ရုံ (၅၂)ရုံမှ ထုတ်လုပ်ပေးလျက်ရှိပါကြောင်း၊ Supply နှင့် Demand အနေနှင့်ကြည့်လျှင် နွေအခါတွင် နိုင်တချက်၊ မနိုင်တလှည့်ရှိနေကြောင်း၊ မြန်မာတစ်ပြည်လုံး သန်းခေါင်စာရင်းအရ အိမ်ထောင်စုပေါင်း (၁၀)သန်းကျော်တွင် လျှပ်စစ်မီးအသုံးပြုနေသည့် အိမ် ထောင်စုပေါင်း (၄)သန်းကျော်ရှိသည့်အနက် ရန်ကုန်မြို့သည် (၁.၃)သန်းခန့် အသုံးပြုလျက်ရှိသည့် အတွက်လျှပ်စစ်ဓာတ်အားရရှိရေးအလေးပေးဆောင်ရွက်သွားဖို့လိုကြောင်း၊ နိုင်ငံတော်၏ စီးပွားရေး စီမံကိန်းများနှင့်ဦးစားပေးအစီအစဉ်အရ ရန်ကုန်မြို့၏လျှပ်စစ်ကဏ္ဍသည် နံပါတ်(၁)ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့၏လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးကဏ္ဍသည် မိမိတို့ဝန်ကြီးဌာနအတွက် အရေးကြီးသည့် ကဏ္ဍတစ်ခုပင်ဖြစ်ပါကြောင်း၊ ပြည်သူလူထုအတွက် အရည်အသွေးပြည့်ဝပြီး ဝန်ဆောင်မှုကောင်း သည့် လျှပ်စစ်ဖြန့်ဖြူးခြင်းမျိုးဖြစ်ဖို့လိုကြောင်း၊ Supply Side အနေဖြင့် Demand Forecast အရ (၂၀၂၀-၂၀၂၁)ခုနှစ်တွင် မဂ္ဂါဝပ် (၆၀၀၀) ခန့်လိုအပ်ပါကြောင်း၊ လက်ရှိ ထုတ်လုပ်မှုအရ(၃၀၀၀) မဂ္ဂါဝပ်လောက်သာရှိသဖြင့် နောက်ထပ် (၃၀၀၀)မဂ္ဂါဝပ်ခန့်လိုအပ်ပါကြောင်း၊  နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်အရ  လျှပ်စစ်နှင့်ပတ်သက်ပြီး ဝန်ကြီးဌာန၏ မူဝါဒနှင့်အညီ (၃)နှစ်အတွင်း နောက် ထပ်(၃၀၀၀)မဂ္ဂါဝပ်ထုတ်လုပ်နိုင်ရန် လုပ်ငန်းဆောင်ရွက်ခွင့်ကိုဇန်နဝါရီလ(၃၀)ရက်နေ့တွင်ကုမ္ပဏီ (၄)ခုနှင့်လက်မှတ်ရေးထိုးသွားမှာဖြစ်ပါကြောင်း၊လက်မှတ်ရေးထိုးပြီးနောက်ပိုင်းတွင်(၂၀၂၀-၂၀၂၁) ခုနှစ်မတိုင်မီ လုပ်ငန်းလျာထားချက်များအရ စောပြီးမည့်စီမံကိန်းများ၊ အလယ်အလတ်စီမံကိန်းများ နှင့် နောက်အကျဆုံး (၄၂)လအတွင်း လိုအပ်လျက်ရှိသည့် မဂ္ဂါဝပ် (၃၀၀၀)ခန့်ကို ရရှိလာမည်ဖြစ်ပါ ကြောင်း၊ အခြားဘက်တွင်လည်း ရေအားလျှပ်စစ်စီမံကိန်းများကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ရေအားအရင်းအမြစ်သည် မိမိတို့တိုင်းပြည်တွင်ရှိပြီးသား အရင်း အမြစ်ဖြစ်၍ ရေအားလျှပ်စစ်ကိုလစ်လျူရှု၍မရပါကြောင်း၊ ရေအားလျှပ်စစ်စီမံကိန်းများ ဆောင်ရွက် ရာတွင် ရင်းနှီးမြှုပ်နှံမှုပမာဏများပြားသလို ဆောင်ရွက်ချိန်ကြာမြင့်သဖြင့် ရေအားလျှပ်စစ်စီမံကိန်း များကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ (၃)နှစ်အတွင်း လိုအပ်ချက်များကို ပြည့်မီရန် ဓာတ်အားပေးစက်ရုံများ ဆောင်ရွက်ရမည်ဆိုပါက LNG သဘာဝဓာတ်ငွေ့သုံး ဓာတ်အား ပေးစက်ရုံများပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် Gas to Power စီမံကိန်းတွေကို ဆောင်ရွက်ရမှာဖြစ် သည့်အတွက် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် အစိုးရသစ်လက်ထက်တွင် LNG သဘာဝဓာတ် ငွေ့ကိုအသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖို့ ဆုံးဖြတ်ချက်ချဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ထားဝယ်၊ ကံပေါက်ဒေသတွင် (၁၂၃၀)မဂ္ဂါဝပ်နှင့် ဧရာ၀တီတိုင်းဒေသကြီး၊ မီးလောင်ဂျိုင့်ဒေသတွင် (၁၃၉၀)မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံကြီး(၂)ရုံအား (၃)နှစ်အတွင်း တည်ဆောက်အကောင်အထည် ဖော်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ Transmission System ကိုလည်း မေ့ထား၍မရပါကြောင်း၊ Transmission System ကိုကောင်းမွန်အောင် ဆောင်ရွက်ထားဖို့လိုကြောင်း၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် (၅၀၀)ကေဗွီ ဓာတ်အားလိုင်းကွန်ယက်များကိုလည်းဆောင်ရွက်သွားဖို့ ရည်ရွယ် ထားပါကြောင်း၊ မြန်မာပြည်မြောက်ပိုင်းမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အားများ၊ အိန္ဒိယနိုင်ငံမှ လျှပ်စစ်ဓာတ်အားများ၊ တရုတ်နိုင်ငံမှ လျှပ်စစ်ဓာတ်အားများကိုရယူမည်ဆိုပါက မြောက်ပိုင်းကွန်ယက် အနေဖြင့် မြစ်ကြီးနားမှမန္တလေးအထိ (၅၀၀)ကေဗွီ ကွန်ယက်စနစ်တစ်ခု တည်ဆောက်ဖို့လိုကြောင်း၊ ထား၀ယ်၊ ကံပေါက်ဒေသတွင် (၁၂၃၀)မဂ္ဂါဝပ် LNG ဓာတ်အားပေးစက်ရုံကြီး တည်ဆောက် အကောင် အထည်ဖော်သွားမည်ဖြစ်သည့်အတွက် မိမိတို့တိုင်းပြည်တွင်မရှိဘူးသေးသည့် တောင်ပိုင်းဓာတ်အား ကွန်ယက်စနစ်အနေဖြင့် စတင်ထူထောင်နိုင်တော့မည်ဖြစ်ပါကြောင်း၊ ထား၀ယ်၊ ကံပေါက်ဒေသမှ ပဲခူး၊ ဘုရားကြီးအထိ ကီလိုမီတာ (၄၅၀)ရှည်လျားသည့် (၅၀၀)ဗို့ ဓာတ်အားလိုင်းကြီး အကောင် အထည်ဖော်ဆောင်ရွက်နိုင်ပါက တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ပဲခူး တိုင်းဒေသကြီးအတွက် များစွာပင်အကျိုးရှိမည်ပင်ဖြစ်ပါကြောင်း၊ အနောက်ဘက် ဓာတ်အားကွန်ယက် စနစ်အနေဖြင့် မြန်မာပြည်အနောက်ပိုင်း ကျောက်ဖြူဒေသမှ ထွက်ရှိလာမည့် ကမ်းလွန်ဓာတ်ငွေ့ အလားအလာကို မျှော်မှန်း၍ ဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက်ဖို့ရည်ရွယ်ပြီး ဧရာ၀တီတိုင်း ဒေသကြီး မီးလောင်ဂျိုင့်တွင် (၁၃၉၀)မဂ္ဂါဝပ် LNG ဓာတ်အားပေးစက်ရုံတစ်ရုံ တည်ဆောက်သွား မှာဖြစ်ကြောင်း၊ အဆိုပါ မီးလောင်ဂျိုင့်ဒေသမှ လှိုင်သာယာအထိ (၅၀၀)ကေဗွီ ဓာတ်အားလိုင်းတစ်ခု တည်ဆောက်သွားမှာဖြစ်ကြောင်း၊ ၎င်းဓာတ်အားလိုင်းသည် အနောက်ဘက်ဓာတ်အားကွန်ယက် စနစ်၏ အခြေခံပင်ဖြစ်ပါကြောင်း၊ မီးလောင်ဂျိုင့်ဒေသမှ တစ်ဆင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ဧရာ၀တီတိုင်း တောင်ပိုင်းအထိ Grid Extension များ တိုးချဲ့တည်ဆောက်သွားမှာဖြစ်သည့်အတွက် ယင်းဒေသအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်မည့်အပြင် ရန်ကုန်တိုင်းဒေသကြီး ၏ ဓာတ်အားလိုအပ်ချက်တွေကိုပါ ဖြည့်ဆည်းပေးသွားနိုင်မည့် အခြေအနေတစ်ခုသို့ ရောက်ရှိသွား မည်ဖြစ်ပါကြောင်း၊ အရှေ့ဘက် ဓာတ်အားကွန်ယက်စနစ်အနေဖြင့် သံလွင်မြစ်ပေါ်မှ ရေအား လျှပ်စစ်စီမံကိန်းများနှင့် တရုတ်နိုင်ငံမှ နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်းများ ဆောင်ရွက်သည့် အခါတွင် အရှေ့ဘက်ဓာတ်အားကွန်ယက်စနစ်အနေဖြင့် လွိုင်ကော်မှပဲခူးအထိ ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဓာတ်အားလိုအပ်ချက်တစ်ခုထဲကိုကြည့်၍မရပါကြောင်း၊ မြန်မာ နိုင်ငံ၏ ပထဝီအနေအထားအရ အာဆီယံနိုင်ငံများနှင့် အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံများသို့လည်းကောင်း၊ ကွန်ယက်သဖွယ် ကုန်းမြေချင်းထိဆက်လျက်ရှိသဖြင့် မိမိနိုင်ငံ၏ ပထဝီအနေအထားကို တန်ဖိုးထား တတ်မည်ဆိုပါက Regional Electricity Trading ကိစ္စကိုလည်း အဓိကအရေးပါသည့်နေရာမှ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားဖူလုံရေးကိုပထမ ပြည့်စုံအောင်ဆောင်ရွက်ပြီး နောက်ပိုင်းဒေသတွင်းနိုင်ငံများသို့ ရောင်းချနိုင်ရေးစသည့် အခွင့်အလမ်း များရရှိလာမှာဖြစ်ပါကြောင်း၊ ထို့ကြောင့် အရှေ့၊ အနောက်၊ တောင်၊ မြောက် ဓာတ်အားကွန်ယက်များ စတင်ထူထောင်ခြင်းပင်ဖြစ်ပါကြောင်း၊ လျှပ်စစ်ဓာတ်အားကို ပြည်သူလူထု၊ စက်မှုလုပ်ငန်းရှင်၊ စက်မှု ဇုန်၊ စီးပွားရေးလုပ်ငန်း စသည့် သုံးစွဲနိုင်ရန် စျေးကွက်တစ်ခုအနေနှင့်မြင်ပြီး ဆောင်ရွက်ဖို့ လိုကြောင်း၊ လျှပ်စစ်ကို ပြည်သူလူထုလိုချင်သည့်အချိန်၊ လိုချင်သည့်နေရာ၊ လိုချင်သလောက် သင့်လျော်သော စျေးနှုန်းတစ်ခုဖြင့် ပေးနိုင်သည့် ဝန်ဆောင်မှုကောင်းသည့်အဖွဲ့အစည်းမျိုးဖြစ်ရန် ပြောင်းလဲဖို့လိုကြောင်း ပြောကြားခဲ့ပါသည်။

       ဆက်လက်၍ မြို့နယ်လျှပ်စစ်မန်နေဂျာများမှ မိမိတို့မြို့နယ်အလိုက် မီးသုံးစွဲသူဦးရေ၊ ဓာတ် အားခနှုန်းထားနှင့်ကောက်ခံမှုအခြေအနေ၊ ဓာတ်အားစနစ်တိုးတက်ကောင်းမွန်ရေးလုပ်ငန်းများ၊  ဓာတ် အားစနစ်ဖွံ့ဖြိုးမှု အစီအမံလုပ်ငန်းများ၊ ဓာတ်အားပျောက်ဆုံးမှုလျော့ချရေးလုပ်ငန်းများ၊  လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြကြ ပါသည်။

       ထို့​ေနာက် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း အမှုဆောင်အရာရှိချုပ် နှင့် ဥက္ကဋ္ဌတို့မှ မြို့နယ်များအလိုက် တင်ပြချက်များအ​ေပါ် သုံးသပ်​ေဆွး​ေနွးတင်ပြခဲ့ပြီး ဒုတိယဝန်ကြီးမှ မြို့နယ်များအလိုက်​ေဆာင်ရွက်ရမည့် လုပ်ငန်စဉ်းများနှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်း တင်ပြမှု များ​အ​ေပါ် ြပည်​ေထာင်စုဝန်ကြီးမှ လုပ်ငန်းလိုအပ်ချက်များမှာကြားခဲ့ပါသည်။

Post under by : ဝန်ကြီးရုံး
27-Jan-2018