သတင်းထုတ်ပြန်ချက်
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်
သတင်းထုတ်ပြန်ခြင်း(၂/၂၀၁၈)အခမ်းအနားကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ နေပြည်တော်၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနား၌ အပူစွမ်းအင်သုံးစက်ရုံများ ဌာန၊ ဓာတ်အားပေးစက်ရုံစီမံကိန်းများအခြေအနေ တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း ဓာတ်အား ပြတ်တောက်မှုမရှိစေရေးအတွက် ဆောင်ရွက်နေမှုအခြေအနေ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ တယောတန်းကျေးရွာအုပ်စုရှိ ကွင်းအမှတ်(၁၀၁) လယ်မြေအတွင်း ရေတုံကင်တွင်းတူးဖော်ရာမှ ဓာတ်ငွေ့ စိမ့်ထွက်မှုအား လေ့လာခဲ့မှုအခြေအနေ၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ပိုက်လိုင်းလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ 66 kV ဒဂုံအရှေ့စက်မှုဇုန် ဓာတ်အားခွဲရုံအမှတ်(၁)တွင် 66/11-6.6 kV, 30 MVA Transformer နှင့် Incoming Switch Bay (၁)စုံ တည်ဆောက်တပ်ဆင်ခြင်းလုပ်ငန်း ပြီးစီးပြီဖြစ်သဖြင့် အများပြည်သူများ လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက်ရရှိပြီး ဗို့အားပြည့်ဝစွာ အသုံးပြုနိုင်မှုအခြေအနေ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ၂၀၁၈ခုနှစ် ဇန်နဝါရီလအတွင်း ဓာတ်အားပျောက်ဆုံးမှု လျော့နည်းရေးနှင့် တရားမဝင်မီတာ ကွင်းဆင်း စစ်ဆေးဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်နှင့်သတင်းထုတ်ပြန်ရေး အဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သတင်းမီဒီယာသမားများ တက်ရောက်ခဲ့ပါသည်။